အပိုင်း(၇)

Start from the beginning
                                    

"မောနင်း သူဇာ။ ဘယ်လိုလဲ မနေ့ညကျ အဆင်ပြေခဲ့လား။"

သူဇာ ထွေထွေထူးထူးရှင်းပြမနေတော့။ ခေါင်းသာ ညိတ်ပြလိုက်သည်။

"ကိုရော"

"အေး....ဒီလိုပါပဲ။"

နောက်(၂)ပတ်လောက်အကြာ......

ဗုဒ္ဓဟူးနေ့မလို့ အိမ်မှာ သူဇာတစ်ယောက်တည်း။ မင်းထက်က အလုပ်သွားသည်။

သူဇာ ဒီ(၂)ပတ်အတွင်း ကိုမျိုးလွင်ကို တော်တော်သတိရမိသည်။

သို့သော် အိမ်ထောင်ရေးဖောက်ပြန်သလိုဖြစ်မှာ စိုးသဖြင့် အတတ်နိုင်ဆုံး ထိန်းနေရသည်။

ကိုမျိုးလွင်ရဲ့ ဆိုင်အသစ်အတွက် ဓာတ်ပုံရိုက်ပေးထားတာတွေကို ပြန် Edit လုပ်နေသည်။

"တင်း.....တောင်.....တင်း......တောင်"

သူဇာ တံခါးဖွင့်လိုက်တော့ ကိုမျိုးလွင်ကို တွေ့လိုက်သည်။

တံခါးဝမှာ ကိုမျိုးလွင်လက်ထဲ နှင်းဆီပန်းစည်းနှင့် ရပ်စောင့်နေသည်။

"အိုး.....ကိုမျိုးလွင်ပါလား။ မတွေ့ရတာကြာပြီ"

"ဟုတ်တယ်......သူဇာ။ ဒီနေ့ အလုပ်ကိစ္စကြောင့် သူဇာဆီ တကူးတကလာတာ။ လက်ဗလာချည်း မလာချင်လို့ ပန်းစည်းပါဝယ်ခဲ့တယ်။ ရော့........"

သူဇာ ကျေနပ်သွားသည်။

သူဇာ ပန်းစည်းလက်ဆောင်မရတော့တာ အိမ်ထောင်ကျကတည်းဖြစ်သည်။

မင်းထက်က အရမ်း romantic ဖြစ်တဲ့သူမဟုတ်တော့ ပန်းစည်း

တွေပေးတာ ရှားသည်။

သူဇာက မိန်းမသားပီပီပန်းတွေဆို ကြိုက်သည်။

"ကျေးဇူးပါရှင်။ ဒါနဲ့ ဝင့်ဝါရော။"

"ဝင့်ဝါက သူ့အမေနေမကောင်းလို့ ရန်ကုန်ပြန်သွားတာ ၃ရက်လောက်ရှိပြီ။ နောက်၃၊၄ပတ်လောက်ကြာအုံးမယ်ပြောတယ်။"

"ဪ...ဟုတ်ကဲ့။ ဝင်လာလေ။"

ကိုမျိုးလွင်ကို သူဇာ Photo studio အခန်းထဲကို ခေါ်သွားသည်။

"ကိုမျိုးလွင်ရဲ့ ဓာတ်ပုံတွေ တော်တော်တော့ ပြီးနေသည်။ ဒီမှာ အဆင်ပြေမပြေကြည့်ပေးအုံး။"

ကိုမျိုးလွင် သူဇာ ဘေးမှာ ဝင်ထိုင်လိုက်သည်။

ကိုမျိုးလွင်ရဲ့ မုတ်ဆိတ်ရိတ်ထားတဲ့ Shaving cream အနံ့နဲ့ ရေမွှေးနံ့ ခပ်သင်းသင်းက သူဇာနှာခေါင်းဝမှာကျီစယ်နေသည်။

သူဇာ Laptop ကို ထိုးပြရင်း

"ကြည့် ကိုမျိုးလွင် အဆင်ပြေလား။"

"ဟုတ်...."

နာရီဝက်လောက်ကြာတော့ အလုပ်ကိစ္စပြီးသွားသည်။

"သူဇာ ဒါဆို ကိုယ်ပြန်တော့မယ်လေ။"

သူဇာစိတ်ထဲ တကယ်တော့ ကိုမျိုးလွင်ကို မပြန်စေချင်သေး။ သို့သော် ဘာမှမသက်ဆိုင်သောသူ မဟုတ်ပါလား။

"ဟုတ်ကဲ့။ လိုက်ပို့ပေးပါမယ်ရှင်။"

လိုက်ပို့ပေးပြီး ကိုမျိုးလွင် ကားမောင်းထွက်သွားတော့ သူဇာရင်ထဲ ဟာခနဲ့ ကျန်ခဲ့သည်။

"ငါ ဘာဖြစ်နေလဲ။" ဆိုပြီး အလုပ်စားပွဲဆီပြန်ခဲ့သည်။

သူဇာ ကုလားထိုင်ပေါ်ထိုင်ရုံရှိသေး။ ဘဲလ်က အသံကြားရပြန်သည်။

"ဟင်....အခုမှ မနက်(၁၁)နာရီပဲရှိသေးသည်။ ကို အိမ်ပြန်တဲ့အချိန်လည်း မဟုတ်ပါဘူး။ ဘယ်သူပါလိမ့်"

ဖွင့်လိုက်တော့ ကိုမျိုးလွင် ဖြစ်နေပြန်သည်။

"ကိုမျိုးလွင် ဘာကျန်ခဲ့တာလဲ။ သူဇာအခန်းထဲမှာတော့ ဘာမှမကျန်ခဲ့သလားလို့။"

"သူဇာ.....ကိုလေ"

ကိုမျိုးလွင် ရုတ်တရက်ပြေးထွက်လာပြီး အိမ်ရှေ့တံခါးကို ဆတ်ခနဲ့ ပိတ်ကာ သူဇာကို နမ်းလိုက်လေသည်။

"ကိုမျိုးလွင်.....ဒါဘာလုပ်တာလဲ။"

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now