အနမ်းခံရတာတော့ဟုတ်တယ်။
ဒါပေမယ့် ဝါးစားခံနေရတာ။

လအုလိုကောင် ။ ဆိတ်လအုလိုကောင်။

ဒီကောင် ငါ့ ဖက်စ်စကစ်ကို ယူသွားပြီ။
ဒီကောင်ကြောင့် ငါ့ ဖက်စ်စကစ်လေးတော့ သွားပြီ။

ပေးချင်ခဲ့တာ ဒီ ကြက်ဂတုံးကောင်ကို မဟုတ်ဘူးလေ။
မမ ချောချော လှလှလေး တစ်ယောက်နဲ့ ဒုန်ချိဒုန်ချိချင်တာကို။

ခုတော့ ငါလေး အနမ်းခံလိုက်ရရှာပြီ။
သွားပြီ ငါ့ဘဝကြီး မာလကီးယားပြီ ။

အဲ့တာ မင်းကြောင့် မျောက်ဂွေးကောင်!

ဂျီမင်း အားအကုန်သုံး၍ ဂျောင်ကုအား ဆောင့်တွန်းလိုက်သည်။
သို့မှ ဖယ်ခွာသွားရသည့် ဂျောင်ကုဟာဖြင့် ကမောက်ကမဆန်စွာ အနည်းငယ် ယိုင်ခွေသွား၏။

ဒီကောင်က နမ်းတာထက် ငါ့နှုတ်ခမ်းကို စုပ်လုံးလို သဘောထားနေတာ။

ပူထူသွားသည့် နှုတ်ခမ်းအား ဂျီမင်း လက်ဖြင့် ပွတ်ပစ်လိုက်မိတယ်။ မနမ်းဘူး မင်းနဲ့ငါ မနမ်းခဲ့ဘူး။

မင်းကို ငါ မနမ်းနိုင်ဘူး။ ဘယ်တော့မှ ဘယ်တော့မှပဲ။

ထိုအခိုက်
ရုတ်တရက်ဆန်စွာ ပြုမူနေသည့် ဂျောင်ကု လုပ်ရပ်ကြောင့်
ဂျီမင်း နှုတ်ခမ်းအား ပွတ်ပစ်နေသည်မှ ရပ်တန့်လိုက်ရသည်။
ထို့အတူ ယင်းအား အံ့သြသွားသည့်ပုံ ဆောင်ကျဥ်း၏။

အကြောင်းမှာ
နံရံနှင့် ခေါင်း အား ဆောင့်တိုက်နေသည့် မင်းသားဂျောင်ကုကြောင့်။

​လေး ငါးဆယ်ချက်လောက် တရစပ် တိုက်နေသည့် ဂျောင်ကု။
သူမှ မတားရင် ဒီမင်းသား နဖူးလှလှလေး သေချာပေါက်
ကွဲပြီ။

ထိပ်အမာရွတ်ကြီးနဲ့ ဖြစ်နေမှာစိုးသည်ကြောင့်
စကားမပြောချင်တော့ပေမယ့် ဒီကောင့်ကို သူမှလွဲ၍ အဘယ်သူက ကယ်တင်နိုင်ပါမည်နည်း။

သူသာလျှင် ကယ်တင်မှဖြစ်မည်။

" ရူးနေလို့လား မင်း! "

အနောက်ပါးမှ ပခုံးအား သိမ်းကျူံးယူဆွဲလိုက်သည့်တိုင်
ထိုအတိုင်း ပြုနေတုန်း။

BLOODY  LORD Where stories live. Discover now