အပိုင်း(၂၃)

Start from the beginning
                                    

"တောက်"

သူ့ကိုဘယ်သူကအတင်း‌မေးလို့ဒီအကြောင်းတွေအထိပါပြောခဲ့ရတာလဲ။တကယ်ဆို ဒါတွေဟာ သူ့ကိုအနိုင်ယူချင်လို့သာပြောခဲ့တဲ့စကားတွေချည်းပဲမဟုတ်လား။
ပြီးတော့ကိုယ့်သိက္ခာကိုချနင်းသွားတာ။

"ဘာလို့လဲ လွန်းရဲ့..မောင်ပြောတာဘာမှားသွားလို့လဲ"

"သူပြောတာတွေအမှန်မဟုတ်ဘူးမောင်"

"သူ့မှာလိမ်စရာအကြောင်းမှမရှိတာလွန်းရဲ့....သူလည်းလွန်းကိုမချစ်ဘူး လွန်းလည်းသူ့ကိုမချစ်ဘူးလေ"

"သူကကျွန်မကိုမချစ်ဘူးလို့ပြောခဲ့တာလား"

"သူ့အဖေပေးစားလို့ယူခဲ့တာတဲ့ ...လွန်းကိုလည်းသူကမချစ်သလို လွန်းကလည်းသူ့ကိုမချစ်ဘူးတဲ့...အချိန်တန်ရင်ကွာရှင်းကြမှာလို့ပြောတယ်လေ.....ဒါနဲ့များလွန်းရယ် အခုကွာရှင်းလိုက်ပါလား မောင်လည်းအကြာကြီးမစောင့်ရအောင်"

မင်းသိပ်ကိုပြောင်းလဲသွားပြီနော်အလင်း။မင်းကအခု ငါ့ကိုတောင်အခြားသူလက်ထဲထည့်ပေးတတ်နေပြီပဲ။

"မောင့်ကိုအစကတည်းကမစောင့်ဖို့ပြောခဲ့တယ်လေ...ပြီးတော့သူနဲ့လည်းကွာရှင်းမှာမဟုတ်ဘူး"

"မဟုတ်ဘူးလေလွန်းရဲ့..လွန်းပဲသူ့ကိုမုန်းနေတာမဟုတ်ဘူးလား"

"သူ့ကိုမုန်းလည်းသူနဲ့မကွာဘူးမောင်...မောင့်ကိုကျွန်မအပြတ်ပဲပြောတော့မယ် မောင်ကျွန်မကိုမစောင့်နဲ့တော့..ကျွန်မမောင်နဲ့ဘယ်လိုမှလက်ထပ်ဖြစ်မှာမဟုတ်ဘူး"

"လွန်းပဲ နောင်ကျရင်မောင့်ကိုလက်ထပ်မှာလို့သူ့ကိုပြောခဲ့တယ်ဆို"

"အဲ့ဒါကျွန်မသူ့ကိုအနိုင်ယူချင်လို့ တမင်ပြောခဲ့တာပါ..စိတ်ထဲပါလို့ပြောခဲ့တာမဟုတ်ဘူး"

"မဟုတ်သေးပါဘူးလွန်းရာ"

"မောင့်ကိုကျွန်မ မချစ်တော့ဘူးမောင်"

မောင်မျက်လုံးတွေမှာအံ့ဩမှုတွေကိုတွေ့လိုက်ရသည်။ကိုယ်လည်းရက်စက်မှန်းသိပေမဲ့ ဒီလိုစကားတွေပြောထွက်သွားခဲ့ပြီ။မောင့်အပေါ်မှာရက်စက်မိခဲ့ပြီ။

သခင် (Completed)Where stories live. Discover now