P_8 (Uni)

257 58 45
                                    

ဒီနေ့ညတော့ ကျွန်တော့်သခင်က ရှမ်းကြီးနဲ့သွားအိပ်မယ်တဲ့။ သြော် သွားအိပ်မယ်ဆိုလို့ ဒီအတိုင်း သာမန် လူသိရှင်ကြား ရိုးရိုးသားသားသွားအိပ်မှာမျိုးတော့ မဟုတ်ပါဘူး။ ညဘက် လူခြေတိတ်လောက်ကျမှ ရှမ်းကြီးအခန်းကို ပြတင်းပေါက်ကနေခိုးတက်ပြီး လူမသိသူမသိသွားအိပ်မှာမျိုးပါ။ အင်း.. လူမသိသူမသိဆိုပေမဲ့ ကျွန်တော့်သခင်ရဲ့ သူငယ်ချင်းတွေတော့ အကုန်သိကြပါတယ်။ သိအောင်လည်း ကျွန်တော့်သခင်က အကုန်လုံးကို ဖုန်းဆက်ပြီး လိုက်ပြောထားတာပါ။

ဒီည သူ လူပျိုရည်ပျက်ပါမယ်တဲ့။ အဲ့ဒါ ပျော်ပေမဲ့ ပထမဆုံးအကြိမ်မို့ စိတ်အရမ်းလှုပ်ရှားပါသတဲ့။ နောက်ပြီး သူ့မှာ အတွေ့အကြုံမရှိတဲ့အတွက် ရှမ်းကြီးမကောင်းမှာကိုလည်း စိုးရိမ်ပါသတဲ့ဗျာ။ သူ့သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး အကြံဉာဏ်လိုက်တောင်းနေတာ တစ်နေလုံးပဲဆိုပါတော့။

"တိုဘီရယ် မင်းကိုတော့ အားနာပေမဲ့ မင်းကိုပဲပြောပြရဦးမယ်ကွာ။ ရှမ်းကြီးကလေ ငါက အဲ့လိုမျိုး လာအိပ်မယ်လို့ပြောတာကို လက်ခံတယ်ကွာ သိလား။ နောက်ပြီး ထပ်ပြောသေးတယ်၊ သူရေချိုးထားပါမယ်တဲ့.."

ပြောရင်းနဲ့ ကျွန်တော့်သခင့်အမူအရာက ဘယ်လိုပြောရမလဲ။ မျောက် အုန်းသီးရသလိုမျိုးလို့ခေါ်မလား.. မဟုတ်လည်း ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပေါ့ဗျာ အရမ်းကိုအူမြူးပြီး တက်ကြွနေတာပဲ။

"အားးး ပြောရင်းနဲ့ အူတွေအသည်းတွေယားလာပြီကွာ"

ပြောလည်းပြောရင်း ကျွန်တော့်သခင်က တဟီးဟီးရယ်တယ်။ ကြာတော့ ကျွန်တော် အမြင်ကတ်လာပြီ။ သူပြောတာတွေကိုလည်း လုံးဝကို နားမထောင်ချင်တော့တာဗျာ။ ဒါပေမဲ့ သူပြောတာတွေကို ကောင်းကောင်းနားမထောင်ပြန်ရင်လည်း မင်းက အခုထိ ရှမ်းကြီးကိုမမေ့နိုင်သေးဘူးလားဘာညာဆိုပြီးလာအုံးမှာမို့ ကျွန်တော့်မှာ ကျိတ်မှိတ်ပြီး နားထောင်နေရတယ်။ ခက်တာက ကျွန်တော့်သခင်ကလည်း မမောနိုင်မပန်းနိုင်နဲ့ သူ ဒီည ကွန်ဒုံးဘာအရသာသုံးမယ်ဆိုတာကအစ ပြောလိုက်တာ တစ်နေကိုကုန်ရောပဲဗျာ။ ညနေခင်းရောက်မှ သူ ရေချိုးဦးမယ်ဆိုပြီး နားသွားတာ။

ကျွန်တော့်သခင်က စိတ်မနှံ့ဘူးWhere stories live. Discover now