P_2 (Uni)

650 126 28
                                    

ဝုတ်!! ဝုတ်!!

ကျွန်တော့်သခင်တို့ အိမ်ဘက်ကို မျက်နှာမူပြီး ကျွန်တော်က တဝုတ်ဝုတ်နဲ့ တကြော်ကြော်အော်နေမိတယ်။ နောက် မကြာလိုက် အဲ့လို အော်နေတဲ့ ကျွန်တော့်အနားကို ရှမ်းကြီးက ရောက်လာပြီး ကျွန်တော့်ကို ပွေ့ချီလေတယ်။

"မင်းက အဲ့ဘက်အိမ်ကလား"

ရှမ်းကြီးရဲ့အမေးကို ကျွန်တော်က ဟုတ်တယ်ဆိုတဲ့သဘောနဲ့ တအိအိ အသံပြုလိုက်တယ်။ အဲ့တော့ ရှမ်းကြီးက ကျွန်တော့်ကို ဂရုဏာသပ်တဲ့ အကြည့်တွေနဲ့ ကြည့်ပြီး လည်ကုပ်ကို ပွတ်သပ်ပေးတယ်။ အဲ့အချိန်မှာပဲ တစ်ဘက် ခြံစည်းရိုးအပေါ်ကနေ ကျွန်တော့်သခင်က ဘွားခနဲပေါ်လာပြီး

"သြော်... ရှမ်းကြီး ၊ လက်စသတ်တော့ တိုဘီက အဲ့ဘက်ရောက်နေတာကိုး"

"ဟုတ်တယ်။ ဒါဆို ဒီခွေးက ခင်ဗျားခွေးပေါ့"

"အင်း။ သူ့နာမည်က တိုဘီတဲ့ ၊ မနေ့ကမှ အိမ်ခေါ်လာတာ"

ကျွန်တော့်သခင်ရဲ့ စကားကို ရှမ်းကြီးက ခေါင်းတညိတ်ညိတ်နဲ့

"ကျွန်တော် အဲ့ဘက်ကို လာပေးရမလား"

"အာ... ရတယ်ရတယ်။ အဲ့ကနေပဲ ပစ်ပေးလိုက်လေ ကိုယ်ဖမ်းလိုက်မယ်။ ဒါမှမဟုတ်လည်း ခွေးခြေခုံရှိတယ်မလား အဲ့ခုံပေါ်တက်ပြီး လှမ်းပေးချင်ပေး"

"……"

"ဘယ်ဟုတ်မလဲ။ ကျွန်တော် ပစ်ပေးတာကို ခင်ဗျားက မဖမ်းနိုင်ရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ အိမ်မှာ ခွေးခြေခုံ မရှိဘူး"

"အထင်သေးလိုက်တာကွာ။ ပစ်မှာသာပစ်စမ်းပါ။ ဒီလောက်ကတော့ အောင်ကိုထူးမြတ်တို့က အပျော့ပါကွ"

"ခင်ဗျားပျော့တာကို ကျွန်တော်သိပါတယ်ဗျာ။ ဒါပေမဲ့ မတော်တဆဆိုတာမျိုးလည်း ရှိသေးတယ်မလား။ အဲ့တော့ ကျွန်တော် ခြံဝဘက်ကနေပဲ ပတ်ပြီး လာပို့ပါ့မယ်ဗျ"

ပြောပြောဆိုဆိုနဲ့ ရှမ်းကြီးက ကျွန်တော့်ကို ပိုက်လျက်ပဲ ခြံအပြင်ကိုထွက်တယ်။ ခြံအပြင်ကနေ တောင်ဘက်ကို ခြေလှမ်းနှစ်ဆယ်လောက်လျှောက်ပြီးတော့ ကျွန်တော့်သခင်တို့ခြံဝကို ရောက်တယ်။

ကျွန်တော့်သခင်က စိတ်မနှံ့ဘူးWhere stories live. Discover now