P_5 (Uni)

415 73 54
                                    

"ဘယ်လိုလဲ... ငါ့အကြံပိုင်တယ်မလား၊ နို့မို့ဆို မင်းတစ်ယောက်တည်းဝတ်နေရမှာ အခု ငါကြံလိုက်တော့ ရှမ်းကြီးနဲ့ဆင်တူဝတ်ရရော"

အင်္ကျီဝယ်ပြီး အိမ်ကိုပြန်ရောက်တော့ ကျွန်တော့်သခင်က ပြောလာခြင်းဖြစ်တယ်။ မျက်နှာကလည်း ပြုံးရွှင်နေပြီး အရမ်းအရမ်းကိုပျော်နေသည့်ပုံ...

"အေးပါ... မင်းကျိတ်ပျော်နေမယ်ဆိုတာကို ငါသိပါတယ်"

သူ့စကားကို ကျွန်တော်က မထောက်ခံတော့ ကျွန်တော့်ကို စွေ့ခနဲကောက်ပွေ့ပြီး ထပ်ပြောလာခြင်းဖြစ်တယ်။

*ကျိတ်ပျော်နေတာက ကျွန်တော်မဟုတ်ဘူးသခင်၊ ကျိတ်ပျော်နေတာက သခင်ပါ*

စိတ်ထဲကနေ ကျွန်တော်ရေရွတ်ပြီး သခင့်လက်ထဲကနေရုန်းတော့... ရှက်မနေစမ်းပါနဲ့ကွားတဲ့... ကျွန်တော့်မှာ စိတ်ကုန်လွန်းလို့ ဘာဆိုဘာမှ မတုံ့ပြန်ချင်တော့ပါ။

နောက်တစ်နေ့ရောက်တော့ ထုံးစံအတိုင်း I Love You ဆိုတဲ့ စာရွက်ကလေးကိုယူပြီး ကျွန်တော်က ရှမ်းကြီးတို့အိမ်ကို အလည်သွားရတယ်။ ရှမ်းကြီးကလည်း ခါတိုင်းလိုပဲ ကျွန်တော့်ကို ကြက်အူချောင်း သုံးချောင်းကျွေးတယ်။ သို့ပေမဲ့ သူ ကျွန်တော့်သခင်နဲ့တော့ စကားမပြောဘူး။

ကျွန်တော့်သခင် ပြန်ရောက်လို့ ကျွန်တော့်ကိုပြန်ပို့တော့လည်း သူက ခြံအဝကနေပဲ လှည့်ပြန်တယ်။ အရင်လို ခြံဝန်းထဲဝင်ပြီး စကားမပြောတော့ဘူး။ ကျွန်တော့်သခင်က ခြံထဲဝင်ဦးလေလို့ပြောတာတောင် တော်ပြီဆိုပြီး လှည့်ပြန်သွားတယ်။

ဒီတော့ ကျွန်တော့်သခင်ရဲ့မျက်နှာက လငပုပ်ဖမ်းသလိုပဲ။ ကျွန်တော့်ကိုလည်း မကြည်တဲ့အကြည့်နဲ့ကြည့်ပြီး 'မင်း ရှမ်းကြီးနဲ့ ရန်ဖြစ်ထားတာလား'တဲ့လေ... စိတ်ကုန်လို့ ကျွန်တော်က အဖက်မလုပ်တော့ ကျွန်တော့်ကိုကောက်ပွေ့ပြီး

"တိုဘီ... ကလေး... ရှမ်းကြီးက မင်းကို အင်္ကျီဝယ်ပေးထားတာလေကွာ... နောက်ပြီး နေ့တိုင်းနေ့တိုင်းလည်း သူ မင်းကို ကြက်အူချောင်းတွေကျွေးတယ်မလား... အဲ့တော့ ရန်ဖြစ်လည်း မင်းကပဲ အလျော့ပေးလိုက်ပါကွာ"

ကျွန်တော့်သခင်က စိတ်မနှံ့ဘူးWhere stories live. Discover now