P_3 (Uni)

504 127 59
                                    

ကျွန်တော့်သခင် ကျောင်းသွားတော့ အိမ်မှာ ကျွန်တော်တစ်ကောင်တည်း ကျန်နေခဲ့တယ်။ ကျွန်တော့်သခင်ကတော့ မှာသွားပါတယ် ပျင်းရင် အပြင်ထွက်ပြီးဆော့တဲ့။ ဒါပေမဲ့ ခြံတံခါးကြီး ပိတ်ထားတော့ ကျွန်တော့်မှာ အပြင်မထွက်နိုင်။ အဲ့တော့ ပျင်းပျင်းနဲ့ပဲ ကျွန်တော့်သခင်အလာကို စောင့်နေရတော့တာပေါ့လေ။

ညနေခင်း ကျွန်တော့်သခင် ပြန်ရောက်လာတော့ ကျွန်တော့်ကိုခေါ်ပြီး အပြင်မှာ လမ်းလျှောက်ထွက်တယ်။ ကျွန်တော်လည်း တစ်နေကုန် ပျင်းနေတာနဲ့မို့ အခုလို အပြင်ကို လမ်းလျှောက်ထွက်ရတော့ စိတ်ထဲမှာ ပျော်နေတယ်။ အဲ့လို လျှောက်ရင်းလျှောက်ရင်းနဲ့ နည်းနည်းဝေးလာတော့ ကျွန်တော့်စိတ်ထဲ ဇဝေဇဝါတွေ ဖြစ်လာတယ်။ ကျွန်တော်ထင်တာမမှားရင် ဒါက ကျွန်တော့်အမေတို့နေတဲ့ အိမ်ဘက်ကို သွားနေတဲ့လမ်းကြီး။

ကျွန်တော်က နားမလည်ခြင်းများစွာနဲ့ ကျွန်တော့်သခင်ကို မော့ကြည့်မိတယ်။ အဲ့မှာ ကျွန်တော့်သခင်ကလည်း ကျွန်တော့်ကို ပြန်ငုံ့ကြည့်ပြီး ပြုံးပြနေတာကြောင့် ကျွန်တော်က ကြောင်သွားတယ်။

နောက်တော့ ကျွန်တော့်သခင်က "မင်း ညောင်းနေပြီမလား"ဆိုပြီး ကျွန်တော့်ကို ကောက်ပွေ့တယ်။ ကောက်ပွေ့ပြီး အနောက်ကို ပြန်မလှည့်ဘဲ အရှေ့ကို ဆက်သွားတာကြောင့် ကျွန်တော့် သွေးခုန်နှုန်းတွေ တဖြည်းဖြည်း မြန်လာတယ်။

*ငါ့ကို အရင်အိမ်များ ပြန်ပို့ပေးမလို့လား*

ကျွန်တော် အဲ့ဒီလို တွေးနေတုန်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ကျွန်တော်ရှိရာကို တည့်တည့်လာနေတဲ့ အမေ့ရဲ့ သခင်မကို တွေ့လိုက်ရတယ်။ သူမ,က ကျွန်တော့်သခင်ရဲ့ အရှေ့မှာ ရပ်လိုက်ပြီး မှုန်ကုတ်ကုတ်နဲ့ ကျွန်တော့်ကို သေချာစိုက်ကြည့်တယ်။

"တိုဘီတဲ့ ၊ ချစ်စရာကောင်းတယ်မလား"

ကျွန်တော့်ကို မှုန်ကုတ်ကုတ် စိုက်ကြည့်နေတဲ့ အမေ့သခင်မကို ကျွန်တော့်သခင်က စကားပြောလိုက်ခြင်းဖြစ်တယ်။ အဲ့တော့မှပဲ အမေ့သခင်မက ကျွန်တော့်ဆီကနေ အကြည့်ခွာသွားပြီး ကျွန်တော့်သခင်ကို ကြည့်တယ်။

ကျွန်တော့်သခင်က စိတ်မနှံ့ဘူးWhere stories live. Discover now