8. Eighteen isn't last forever

Começar do início
                                    

ဉာဏ် လက်အုပ်ချီပြီး အရိုအသေပြုလိုက်တော့ ဆရာတွေက စင်ရှေ့ကနေ ခေါင်းတဆတ်ဆတ်ညိတ်ပြီး အသိအမှတ်ပြုကြ၏ ။

" ပြီးတော့ ညီလေးညီမလေးတို့၊ အစ်ကိုတို့အစ်မတို့က ဒီကျောင်းမှာမရှိတော့ပေမဲ့ မင်းတို့ကို အမြဲတမ်း သတိတရနဲ့ စောင့်ကြည့်နေမှာပါ ...အကူအညီလိုအပ်တိုင်းလဲ အစ်ကိုတို့အစ်မတို့ကို အချိန်မရွေးဆက်သွယ်ပါ... ကျောင်းသားဘဝမှာ စာလဲကြိုးစားပြီး ကျောင်းရဲ့လှုပ်ရှားမှုတွေမှာလဲ ပါဝင်ဆောင်ရွက်ပြီး ပျော်ရွှင်မှုတွေဖန်တီးကြပါ...မင်းတို့အတွက် အမြဲတမ်း ဂုဏ်ယူနေမဲ့ စီနီယာတစ်‌ယောက်အနေနဲ့ မင်းတို့နောက်မှာ အစ်ကိုရှိနေပါ့မယ် "

" ဟုတ်ကဲ့ ကိုဉာဏ် "

အရင်ကတည်းက ဉာဏ့်ကိုချစ်ကြလေးစားကြသော ဂျူနီယာတွေအားလုံးက တညီတညွတ်တည်း သူ့စကားကို နားထောင်ကြသဖြင့် စင်ပေါ်ကနေ ဉာဏ်ကြည်နူးရသေးသည် ။

" နောက်ဆုံးအနေနဲ့ ငါ့ရဲ့ချစ်လှစွာသော အတန်းဖော်သူငယ်ချင်းတွေ ... တကယ်တော့ ငါ မင်းတို့နဲ့ မခွဲချင်သေးဘူး "

" အတူတူပဲ "   

" ငါရောပဲ "

ငိုသူကငို၊ အော်သူကအော်ဖြင့် ဉာဏ့်စကားကို ဆက်ပြောသေးဘဲ ခဏလောက်ရပ်ထားရသေးသည်။

" ငါတို့တွေ ပျော်စရာတွေ အတူတူဝေမျှခဲ့ကြတယ် ... စာမေးပွဲကာလတွေမှာ ဖိအားတွေလဲ အတူတူ ခံစားခဲ့ကြရတယ် ...အခက်အခဲတွေကိုလဲ အတူတူကျော်ဖြတ်ခဲ့ကြတယ်... ပျမ်းမျှအနေနဲ့ဆို အခု ငါတို့အကုန်လုံးက ဆယ့်ရှစ်နှစ်အရွယ်တွေပဲ... ဆယ့်ရှစ်နှစ်က ငါတို့ဆီမှာ အမြဲတမ်း ဖြစ်မနေနိုင်ပေမဲ့ ဒီနေရာမှာ အတူရှိခဲ့ကြတဲ့အမှတ်တရတွေကတော့ ဘယ်ကိုမှရောက်သွားမှာမဟုတ်ဘဲ ငါတို့နဲ့အမြဲအတူရှိနေမှာပါ.... အရင်လို ငါတို့ခဏခဏ မတွေ့နိုင်တော့ပေမဲ့ အခွင့်ရှိတိုင်း မင်းတို့နဲ့ဆုံချင်ပါတယ် ...မင်းတို့အားလုံး ဘဝမှာ အောင်အောင်မြင်မြင်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြပါစေလို့ ငါဆုတောင်းပေးနေမယ်နော် ... စကားကလည်း တအားရှည်သွားပြီဆိုတော့ ဒီမှာပဲရပ်ပြီး အကုန်လုံးကိုနှုတ်ဆက်ပါတယ် "

My Youth Was Yours  ( Completed )Onde histórias criam vida. Descubra agora