8. Eighteen isn't last forever

Start from the beginning
                                    

သို့သော်လည်း သူတို့ရေစက်က သည်လောက်အထိပဲ မဟုတ်ဘူးထင်ပါသည်။

ဆယ့်နှစ်တန်းနှစ်ပြီးခါနီးမှာ တက္ကသိုလ်တွေလျှောက်ကြတော့လည်း သူတို့တစ်ဖွဲ့လုံး မန္တလေးတက္ကသိုလ်မှာပဲ အတူတူဝင်ခွင့်ရကြသည်။ မေဂျာတွေတော့ မတူကြ။ ဥာဏ်က ကွန်ပျူတာသိပ္ပံမေဂျာယူခဲ့ပြီး ယံယံက ဓာတုဗေဒဘာသာရပ်ကို ရွေးချယ်ခဲ့သည်။

အထက်တန်းပြီးဆုံးချိန်မှာတော့ သူတို့အသက်တွေလည်း ဆယ့်ရှစ်နှစ် .... ။

ကျောင်းမှာ ဆရာဆရာမတွေ ၊ ဂျူနီယာတွေနှင့် သူငယ်ချင်းတွေအချင်းချင်း နှုတ်ဆက်ပွဲလုပ်ကြသည့်အခါ ကျောင်းသားခေါင်းဆောင်တစ်ယောက်အနေဖြင့် ဥာဏ်က အရင်ဆုံး စင်ပေါ်မှာ စကားတက်ပြောရသည် ။

" ကျနော်က ကျောင်းစတက်တဲ့အရွယ်ကတည်းက ဒီကျောင်းမှာပဲ ပညာသင်ယူခဲ့တာ ... ဒီနှစ်တွေအားလုံးမှာ ကျောင်းကနေ ထွက်ခွာသွားတဲ့သူတွေရော နောက်ထပ်ရောက်လာတဲ့သူတွေရော ရှိပေမဲ့ ကျနော်နဲ့အတူ သူငယ်တန်းစကတည်းက အခုချိန်ထိ ဒီမှာပဲ ရှိခဲ့သူတွေလည်း အများကြီးပါပဲ....
ဒီကျောင်း၊ ဒီဆရာဆရာမတွေ၊ ဒီသူငယ်ချင်းတွေဟာ ကျနော့်အတွက် သိပ်ကိုအဓိပ္ပာယ်ရှိတဲ့ ဘဝရဲ့တစ်စိတ်တစ်ပိုင်းပါပဲ ... ကျနော့်ရဲ့ ငယ်ဘဝလို့ ပြောရင်လဲ ရပါတယ် ... အခုတော့ ကျနော်က ဒီကျောင်းကိုရော ကျနော့်ရဲ့ငယ်ဘဝကိုရော နှုတ်ဆက်ရပါတော့မယ်... ဒါပေမဲ့ ကျနော့်စိတ်ထဲမှာတော့ ဒီနေရာ၊ ဒီလူတွေအားလုံးက အမြဲရှိနေမှာပါ...ကျနော် အမြဲသတိရနေမှာပါ "

ဉာဏ့် စကားကြောင့် ဆရာတွေရော သူငယ်ချင်းတွေပါ တရှုံ့ရှုံ့ငိုနေကြသည်။ ဉာဏ်ကိုယ်တိုင်လည်း စင်ပေါ်ကနေ မျက်ရည်တွေလည်နေ၏ ။ ခွဲခွာရတော့မယ်ဆိုမှ ကုန်ဆုံးခဲ့သည့် နေ့ရက်တွေက တန်ဖိုးထားစရာကောင်းမှန်း ပိုသိလာရသည် ။

" ချစ်ရတဲ့ဆရာတို့ဆရာမတို့ကို ကျနော် ဒီနေရာကနေ ရိုရိုသေသေ ကန်တော့ပါတယ်ခင်ဗျာ ... ကျေးဇူးအများကြီးလဲတင်ပါတယ်.... ဆရာတို့ကြောင့်သာမဟုတ်ရင် အခုချိန် ဒီနေရာမှာ ကျနော် ဒီလိုရပ်နေနိုင်မှာမဟုတ်ပါဘူး "

My Youth Was Yours  ( Completed )Where stories live. Discover now