သော်ဇင့်စကားတွေက ယံယံ့နှလုံးသားကို လက်ဖဝါးကြမ်းကြမ်းနှင့် ဆုပ်ချေနေသည့်နှယ်ပင် ။
" အင်းပါ ... အဲဒါ ငါ့ကိစ္စမဟုတ်ပါဘူး... ငါ့ကို အိမ်ပြန်ပို့ပေးပါလား သော်ဇင်....ငါ ဗိုက်တွေအောင့်နေလို့ ဒီညနေ ကျူရှင်မတက်တော့ဘူး "
ရုတ်ရက်ကြီး ဗိုက်ထနာသွားသော ယံယံ့ကို သော်ဇင်ကတော့ ဘယ်လိုထင်မည် မသိပါ ။ ယံယံပြောသလိုတော့ အိမ်လိုက်ပို့ပေးပါသည်။
" ယံယံ ...သား ကျူရှင်မရှိဘူးလား ဒီနေ့ "
" ရှိတယ် မာမား ...သား ဒီနေ့ နည်းနည်းပင်ပန်းနေလို့ မတက်တာ ... အနားယူလိုက်ဦးမယ်နော် "
ပြောပြောဆိုဆိုနှင့် အပေါ်တက်သွားသော သားကိုကြည့်ပြီး ဒေါ်သီတာလည်း အံ့ဩနေမိသည်။ သူမသားက တော်ရုံတန်ရုံ ပင်ပန်းတတ်သူတော့မဟုတ်။ နေများမကောင်းလို့လား ။ အခုရော ဉာဏ်က ပြန်ပို့ပေးတာလား။ ဘာမှမမေးလိုက်ရ။ ရောက်ရောက်ချင်း အိမ်ပေါ်တက်ပြီး အခန်းထဲ တန်းဝင်သွားသည်။ ဒီအရွယ်တွေဆိုတော့ ငယ်ငယ်ကလို မိဘကို ဘာဖြစ်လာပါတယ်ဆိုပြီး လုံးစေ့ပတ်စေ့လည်း မပြောပြတော့ဘူးလေ။
ဉာဏ်ကတော့ ကျူရှင်မှာ သော်ဇင့်ကိုပဲမြင်ပြီး ယံယံ့ကို မတွေ့ရသဖြင့် ခေါင်းထဲမှာ မေးခွန်းတွေများသွားရသည်။ ယံယံက ဘယ်ရောက်သွားတာလဲ။ တစ်ခါမှ သူ့နောက်ကလွဲပြီး ဘယ်သူနှင့်မှ မလိုက်ဖူးတဲ့သူက သည်ကနေ့မှ ထူးထူးဆန်းဆန်း သော်ဇင့်ဆိုင်ကယ်နောက်က စီးသွားသည်။ ငယ်ငယ်ကဆို ရန်ဖြစ်ထားလို့ စကားမပြောလျှင်တောင် စက်ဘီးတစ်စီးစီဖြင့် ကျောင်းသွားကျောင်းပြန် အတူစောင့်ပြီးမှ သွားလေ့ရှိ၏။ အခုတော့ သူ့ကိုမစောင့်ဘဲ အရင်ထွက်သွားသည်။
" ပိုင်ဇေရော သော်ဇင် ...မင်းနဲ့အတူလိုက်သွားတာ ငါမြင်လိုက်ပါတယ် "
" ဟုတ်တယ် ... ဗိုက်အောင့်နေလို့တဲ့... သူ့အိမ်ပြန်ပို့ခိုင်းလို့ ငါလိုက်ပို့ပေးခဲ့တယ် "
နေမကောင်းတာလည်း ယံယံက သူ့ကို ဘာမှမပြော။ တော်တော်များ အောင့်နေလို့လား။ ဉာဏ် တစ်ညနေလုံး စာသင်ရတာ စိတ်မပါပေ။ ကျူရှင်ဆင်းဖို့သာ စိတ်စောနေ၏။
YOU ARE READING
My Youth Was Yours ( Completed )
General Fictionဉာဏ်လင်းထင် × ပိုင်ဇေယံ သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရာကနေ သူငယ်ချင်းဖြစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ^^
7. Jealousy is slowly killing me
Start from the beginning