" ဟဲ့... ဘာလို့ ဉာဏ့်ကို ဝယ်ကျွေးခိုင်းတာလဲ... သားမွေးနေ့လေ ယံယံ ...သားက ဝယ်ကျွေးရမှာပေါ့ ... ပိုက်ဆံလိုရင် ယူသွား "
" ဘာနေနေ အပြင်သွားချင်တာ သူလေ "
" ကျွေးမယ် ကျွေးမယ် လာ ... သွားစို့ "
Scoopy အစိမ်းပုတ်ရောင်လေးဖြင့် ထွက်သွားကြသော ကလေးနှစ်ယောက်ကိုကြည့်ရင်း ဒေါ်သီတာကတော့ သက်ပြင်းချရင်းကျန်ရစ်နသည်။ ဘယ်အချိန်ထိ သူမသားကို ဉာဏ်လေးက အခုလို အလျှော့ပေးနေနိုင်မည်မသိပါ ။
ဘုရားကြီးမသွားခင် ယံယံစားချင်သည့်ဆိုင်မှာ မနက်စာဝင်စားကြသည်။ ပြီးမှ ဘုရားမှာ ပန်း၊ ဆီမီးကပ်လှူပြီး ခိုစာကျွေးကြ၏။
" ဘာလို့ လူတွေက ဘုရားမှာလာပြီး ခိုစာကျွေးကြတာလဲ ဉာဏ် "
" ခိုတွေစားရအောင်လို့ပေါ့ "
" ရှင်းရော ... ငါမေးတာ ခိုစာကျွေးရင် ဘာဖြစ်မယ်ဆိုတဲ့ ရှေးစကားတွေများရှိသလားလို့ "
" အဲ့ဒါတော့ ငါမသိဘူး .... ဒါပေမဲ့ ငါတို့အခုလိုလာကျွေးတာကတော့ တစ်ခုခုပြန်ရပါစေဆိုတဲ့စိတ်နဲ့ မဟုတ်ဘူးမလား ... တစ်ခုခုကို လှူတာပဲဖြစ်ဖြစ်၊ ပေးကမ်းစွန့်ကြဲတာပဲဖြစ်ဖြစ် ဘာပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက် မထားရဘူး "
"မင်း ငါ့ကို မုန့်အမြဲတမ်း ဝယ်ကျွေးတာကလဲ ဘာမှပြန်ရချင်လို့ မဟုတ်ဘူးပေါ့ "
" နေဦး... မင်းဆီကတော့ ငါလိုချင်တာရှိရင်ရှိမှာ ... စဉ်းစားလိုက်ဦးမယ် "
" ဘာတွေများတောင်းမှာပါလိမ့်... နောက်ဆို ငါ့ဟာငါပဲ ဝယ်စားတော့မယ် "
" ဟားဟားဟား "
ပြောသာပြောတာ ယံယံ့ဆီက ဉာဏ် လိုချင်တာ ဘာမှမရှိဘူးထင်ပါသည်။ ဘယ်တော့မဆို ဉာဏ်က အမြဲပိုက်ဆံရှင်းသည်ဆိုသော်လည်း ဒီမုန့်ဖိုးလောက်ကယံယံရော သူရောအတွက် ဘာမှအပန်းမကြီးဘူးဆိုတာ နှစ်ယောက်စလုံး သိနေသောကြောင့် ။
ယံယံ့ဘက်ကလည်း နှမြှောလို့မဟုတ်ဘဲ သူဝယ်သမျှ ဉာဏ်ကထုတ်ရှင်းပေးတာ သဘောကျသဖြင့် ဉာဏ်နှင့်ဆို ဘယ်တော့မှ ပိုက်ဆံယူမလာခြင်းသာ။
YOU ARE READING
My Youth Was Yours ( Completed )
General Fictionဉာဏ်လင်းထင် × ပိုင်ဇေယံ သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရာကနေ သူငယ်ချင်းဖြစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ^^
6.Life is like a ferris wheel
Start from the beginning