5.Let's keep growing old together

Start from the beginning
                                    

" ဒါဆို ဘာလို့အကြာကြီး ကွဲသွားကြတာလဲ "

" ဪ...သားရယ် ..အဲဒီတုန်းက အခုလောက် တစ်နေရာနဲ့တစ်နေရာ ဆက်သွယ်ဖို့မလွယ်ဘူးလေ... နောက်တော့ ကိုယ်စီအလုပ်အကိုင်တွေနဲ့ ဖြစ်သွားပြီး ကျောင်းတုန်းကလို မလွတ်လပ်ကြတော့ဘူး.. အိမ်ထောင်တွေ လည်းကျပြီး ကိုယ့်ဘဝနဲ့ကိုယ်ဖြစ်သွားကြတာကိုး "

ဒါဆို သူတို့ကြီးသွားလို့ ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်သွားကြလျှင်ရော ဉာဏ်နှင့်သူလည်း ဝေးသွားမှာပဲလား ။ သူတို့မှာ ဘဝလက်တွဲဖော်တွေ ၊ သားသမီးတွေရှိလာခဲ့လျှင် တစ်ယောက်နဲ့တစ်ယောက် မေ့သွားကြမှာလား ။

ဘာဖြစ်ဖြစ် ဉာဏ်လင်းထင်ကတော့ ယံယံ့မှတ်ဉာဏ်ထဲမှာ တစ်သက်လုံး သတိရနေမည့်သူဖြစ်လိမ့်မည်။ သူနှင့်အတူ မုန်တိုင်းဝင်တဲ့ ညအမှောင်ကြီးထဲမှာ ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်၊ ဘောလုံးပွဲထဲမှာ သူ့ကိုထိခိုက်အောင်လုပ်သည့် ကစားသမားကို လက်သီးနှင့် ဝင်ထိုးခဲ့တဲ့သူတစ်ယောက် ၊ ပြီးတော့ တခြားသူတွေကိုတောင် မျှမပေးချင်မိတဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အဖြစ် ။

" အန်တီ ....ယံယံ ရှိလား "

ယံယံ အောက်ထပ်ဆင်းလာမလို့လုနေစဉ် ဉာဏ့်အသံ ကြားလိုက်သဖြင့် အခန်းထဲပြန်ဝင်ပြီး ကုတင်ပေါ်မှာ စောင်ခြုံအိပ်နေလိုက်သည်။ ပြင်ဦးလွင်က ပြန်လာကတည်းက ဉာဏ်နှင့်သူ မတွေ့ဖြစ်တာ သုံးရက် ။ အမှန်အတိုင်း ပြောရလျှင် သူ့ဟာသူ တစ်ဖက်သတ် စိတ်‌ကောက်ပြီး ဉာဏ့်ဆီ မသွားခဲ့ခြင်းပင် ။

" ရှိတယ် သား ... အပေါ်တက်သွားနော်...
အဲ့ကောင်လေး ဘာလုပ်နေလဲမသိဘူး...မနက်စာစားပြီးကတည်းက တက်သွားတာ ထွက်မလာဘူး "

ယံယံကသာ စာသင်လာရင်း ဉာဏ့်အခန်းထဲကို အမြဲရောက်ပေမဲ့ ဉာဏ်ကတော့ လူကြီးတွေမပါဘဲ ယံယံတို့အိမ်ဘက် သိပ်မရောက်ဖြစ်ပေ။ မနက်ခင်းကျောင်းသွားလျှင်လည်း ယံယံက အိမ်ရှေ့ကနေစောင့်နေလေ့ရှိသဖြင့် ဒါက ပထမဆုံးအကြိမ် ယံယံ့အခန်းထဲထိ  ဉာဏ်ရောက်ဖူးခြင်းပင် ။

" ယံယံ ...ဘာလို့အိပ်နေတာလဲ ဒီအချိန်ကြီးကို...
နေမကောင်းဘူးလား "

My Youth Was Yours  ( Completed )Where stories live. Discover now