သူလုပ်နိုင်တာ ဘာမှမရှိတော့လည်း အခုလို လာအနိုင်ကျင့်သမျှ ငြိမ်ခံနေရယုံပဲရှိတော့သည်။ စိတ်ထဲကတော့ လုံးဝမကျေနပ်ပေမဲ့ပေါ့ ။
" ဝှီး.... ဘုန်း "
" အား....... "
သစ်ပင်နောက် မလှမ်းမကမ်းအကွာကနေ အရှိန်ပြင်းပြင်းဖြင့် ပစ်ဝင်လာသော ဘောလုံးတစ်လုံးက သူ့ကို အနိုင်ကျင့်နေသော ငါးတန်းအုပ်စုခေါင်းဆောင်ရဲ့ မျက်နှာကို တည့်တည့်ထိမှန်ပြီး တစ်ဆက်တည်းမှာပဲ အနှီလူမိုက်ခေါင်းဆောင်ဆီကအော်သံထွက်လာသည်။
" ဘယ်သူပစ်တာလဲ ဒီဘောလုံးကို "
" ငါပစ်တာ "
အသံနှင့်အတူ ထပ်ချပ်မကွာ လိုက်လာသော ကောင်လေးတစ်ယောက်။ ဉာဏ်တစ်ခါမျှ မမြင်ဖူးသော အသားညိုညို ခန္ဓာကိုယ် ပိန်ပိန်သေးသေးလေးနှင့် ထိုကောင်လေးက ဘာကိုမျှ ကြောက်ရွံ့ခြင်းမရှိသည့်မျက်နှာထားဖြင့် လက်နှစ်ဖက်စလုံးမှာ ခပ်ကြီးကြီးခဲတစ်လုံးစီကိုလည်း ကိုင်ထားသေးသည်။ သစ်ပင်အကွယ်ကနေ ထွက်ထွက်လာချင်း ခုနက ဉာဏ့်ကိုအနိုင်ကျင့်ခြိမ်းခြောက်နေသည့်အုပ်စု၏အာရုံက ထိုကောင်လေးဆီရောက်သွားကြသည်။
" မလောက်လေးမလောက်စားလေးက သေချင်နေပုံရတယ်... ဟေ့ရောင်တွေ ... ဒီကောင့်ကို ပညာပေး....."
" ဒုတ် "
" အား..... "
သူတို့ကိုယ်သူတို့ ရုပ်ရှင်တွေထဲက လူမိုက်တွေလို ပုံစံမျိုးဖြင့်ပြောနေသော စကားမဆုံးခင်မှာပဲ သူ့ဘေးကကောင်လေး၏ လက်ထဲကိုင်ထားသော ခဲတစ်လုံးက အနှီအုပ်စုခေါင်းဆောင်၏ ခြေထောက်ပေါ်ကို အားနှင့်ပစ်ချတာခံလိုက်ရပြီး နောက်တစ်ကြိမ်အော်သံထပ်ထွက်လာ၏။
" ငါ့ကိုပညာပေးမယ်ဆိုတဲ့ကောင်က ဒီခဲလေး ခြေထောက်ပေါ် ကျတာတောင် နာတယ်ပေါ့ ဟုတ်လား "
ညစ်ကျယ်ကျယ်အပြုံးတစ်ခုကိုပြုံးလိုက်ပြီး လှောင်ရိပ်အပြည့်နှင့် အညိုရောင်မျက်ဝန်းတစ်စုံဖြင့်ကောင်လေးကို ဉာဏ်အံ့အားသင့်ပြီး ကြည့်နေမိတာ ဘေးကအုပ်စုကိုတောင် မေ့သွားသည်အထိ။
![](https://img.wattpad.com/cover/362579366-288-k541737.jpg)
YOU ARE READING
My Youth Was Yours ( Completed )
General Fictionဉာဏ်လင်းထင် × ပိုင်ဇေယံ သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရာကနေ သူငယ်ချင်းဖြစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ^^
1. When we were young
Start from the beginning