WOL 2 - Chapter 1

1.2K 7 2
                                    

Way of Love 2 : Mother Goddess's Order
(မေတ္တာလမ်းစဉ် : နတ်ဘုရားမေမေ၏ အမိန့်တော်)

Genre : Incest, 21+, Femdom, Romance, Action, Fantasy, Cultivation, GL, Harem, Martial Arts, Overpower, Netori, Milf, BDSM

အရှေ့ဘက်ကောင်းကင်ဘုံ၊
မြင့်မြတ်ဟန်မိသားစု၏ တားမြစ်နယ်မြေရှိ တောင်တန်းကြီးပေါ်တွင်

"ဝှစ်! ဘန်း!"
စိမ်းမြလှသောတောင်တန်းကြီး၏တစ်နေရာတွင် လူငယ်လေးတစ်ယောက်မှာ တောင်ကြီးတစ်ခုအား လက်ဝါးဖြင့်ဖြည်းညှဉ်းစွာရိုက်ချလိုက်သည်။
လူငယ်၏ လက်ဝါးမှာညင်သာလှသည့်အသွင်ရှိကာ သစ်ရွက်တစ်ရွက်အား ခူးဆွတ်နေဟန်ရှိသော်လည်း တောင်ကြီးမှာမူ လူငယ်၏လက်ဝါးနှင့် ထိမိသည်နှင့် တို့ဟူးတစ်တုံးကဲ့သို့ ချက်ချင်းပင်ပဲ့ထွက်သွားလေ၏။
လူငယ်မှာ ထိုအရာအား ကျေနပ်စွာကြည့်ကာ ခေါင်းညိတ်လိုက်ပြီး အနောက်သို့လှည့်ကာတစ်လှမ်းချင်းလှည့်ထွက်သွားတော့သည်။
ထူးခြားသည်မှာ လူငယ်၏ခြေလှမ်းတိုင်းတွင် ဟင်းလင်းပြင်အားဖြတ်ကျော်ကာ မြေကြောရှုံ့လိုက်သကဲ့သို့ မိုင်တစ်ရာခန့် ရောက်ရှိသွားခြင်းပင်။

မြင့်မြတ်ဟန်မိသားစုသည် အရှေ့ဘက်ကောင်းကင်၏ အုပ်ချုပ်သူလည်းဖြစ်၏။
ထို့အပြင် လူသားမျိုးနွယ်၏အကြီးမြတ်ဆုံးသော တာအိုအရှင်သခင် မွေးဖွားရာနေရာလည်း ဖြစ်သည်။
ထို့ကြောင့် မြင့်မြတ်ဟန်မိသားစု၏အင်အားမှာ အလွန်ပင်ခိုင်မာလှကာ မူလကောင်းကင်ဘုံနှင့်ပင် ယှဉ်နိုင်စွမ်းရှိပေ၏။
ဟန်မိသားစုတွင် အကြီးအကဲကိုးဦးရှိကာ အကြီးအကဲတစ်ဦးစီတိုင်းက တောင်ထွဋ်တစ်ခုအား အစိုးရပေသည်။
ထိုအထက်တွင်တော့ ဂိုဏ်းချုပ်နှင့် ဘိုးဘေးသုံးယောက်ရှိပေ၏။

ဟန်မိသားစု၏ တာအိုမိခင်အကြီးအကဲတောင်ထွဋ်၏ တောင်ထိပ်သို့ အနက်ရောင်၀တ်ရုံတစ်ခုနှင့် ဘောင်းဘီတစ်ထည်အား ၀တ်ဆင်ထားသော လူငယ်တစ်ယောက် ပျံသန်းလာကာဆင်းသက်လိုက်၏။
မှန်ပေသည်။
ထိုလူငယ်မှာ တောင်တန်းပေါ်ရှိလူငယ်ဖြစ်၏။
သူ၏နာမည်မှာ ဟန်လင်း။
တောင်ထိပ်ရှိနန်းတော်ထဲသို့၀င်လိုက်လျှင်ပင် လှပသောကောင်မလေးတစ်ယောက်မှာ သူ့အားဦးညွှတ်ကာ လေးစားစွာပြောလိုက်သည်။
"သခင်လေး၊ အရှင်မက အခုအဆောင်သန့်စင်နေပါတယ်ရှင့်"
"ကောင်းပြီ၊ မင်းသွားလို့ရပြီ"
ဟန်လင်းလည်း ခေါင်းညိတ်ကာပြောလိုက်ကာ နန်းတော်အတွင်းပိုင်းသို့ ၀င်သွားလိုက်၏။
ကောင်မလေးမှာလည်း ဟန်လင်း၏ချောမောသည့် အေးစက်စက်မျက်နှာအားခိုးကြည့်လိုက်ကာ ဦးညွှတ်ပြီးထွက်ခွာသွား၏။

Você leu todos os capítulos publicados.

⏰ Última atualização: Feb 09 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Way of Love 2 : Mother Goddess's OrderOnde histórias criam vida. Descubra agora