Arc 4🗡95🗡ဆွဲဆောင်ခြင်း

Começar do início
                                    

ထိုစဥ် လုရွှမ်က လက်ဝါးလှိုင်းဖြင့် မုရုန်ထျန်းကျောင်း၏ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။

"ဒါဆို မင်းငါ့ကို လက်နက်ချ သစ္စာခံမှာလား?"

မုရုန်ထျန်းကျောင်း၏ အဆက်မပြတ် ရုန်းကန်မှုကို မြင်လိုက်ရသောအခါ လုရွှမ်သည် ဤမြင်ကွင်းကို ရင်းနှီးနေပုံရကြောင်း ရုတ်တရက် သဘောပေါက်ကာ မေးလိုက်သည်။

"လုံးဝပဲ... ငါ သစ္စာခံတာထက် အသေပဲခံလိုက်မယ်"

ကျောင်းကျန့်မှာ လုရွှမ်ကို သတိပေးဖို့ နှစ်ကြိမ်တိုင်တိုင် ချောင်းဆိုးပြလိုက်သည်။ ဒီလို နာမည်ကြီးတဲ့ ကောင်မလေးကို သခင်လေးက ဖမ်းဆွဲထားချင်နေတာ အောက်မှာ ကြည့်နေတဲ့သူတွေ အများကြီးရှိတော့ သူ့ပုံရိပ်အတွက် မကောင်းဘူး မဟုတ်လား။

လုရွှမ်သည် ခဏမျှ စိတ်ပျောက်သွားကာ လျင်မြန်စွာ တုံ့ပြန်လာ၍ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ​ပြန်လည်စုပ်ယူလိုက်ပြီး သူ့အပြုံးကို မျိုသိပ်လိုက်သည်။

"မတွန်းလှန်နဲ့... ခုခံနိုင်လေ အန္တရာယ်များလေပဲ... ခုခံနိုင်မယ်လို့ ယုံကြည်မှု မရှိရင် မခုခံနဲ့.... မဟုတ်ရင် မင်းလုပ်ချင်သလို လုပ်လို့ရတယ်"

မုရုန်ထျန်းကျောင်း ခဏလောက် ထိတ်လန့်သွားပြီး တခဏချင်းမှာပဲ လုရွှမ်ရဲ့ လွမ်းဆွတ်မှု အရိပ်အယောင်တွေနဲ့ ရောထွေးနေတဲ့ မျက်လုံးတွေ၊ လုရွှမ်ရဲ့ ဆုံးရှုံးမှုကို ခံစားလိုက်ရသလို သူမ နားမလည်နိုင်အောင် ဝမ်းနည်းလာစေခဲ့သည်။

သို့သော် သူမသည် မြေပြင်ပေါ်သို့ အလျင်အမြန် ပြေးသွား၏။ သူမ၏ အသက်အန္တရာယ်မှာ စိုးရိမ်စရာ ဖြစ်နေသည်လေ။

လုရွှမ်က သူမကို သတ်ပစ်ချင်သည့် ရည်ရွယ်ချက်ကို မခံစားရတာကြောင့် မုရုန်ထျန်းကျောင်းသည် လျင်မြန်စွာ တင်ပျဉ်ခွေထိုင်ကာ တခြားလှုပ်ရှားမှုများကို လျစ်လျူရှုကာ ငြိမ်သက်သွားစွာဖြင့် ထိုပုံစံများကို တွန်းထုတ်ရန် ပြင်းပြင်းထန်ထန် ကြိုးစားတော့သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်များသည် တောက်ကျင့်စဥ်၏ နိယာမစွမ်းအင် စကားလုံးများကို နားလည်ပြီး အသွင်အပြင်ကို ပေါင်းစပ်လိုက်မှသာလျှင် သူ​တော်စင်တစ်ပိုင်း ဖြစ်လာနိုင်သည်။ 

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Onde as histórias ganham vida. Descobre agora