အပိုင်း(၁၄)

Start from the beginning
                                    

သခင်ဘယ်တုန်းကမှ တစ်ပါးသူရဲ့ဖြစ်တည်မှုကိုမေးခွန်းမထုတ်တတ်သလို မရှုံ့ချဖူးခဲ့ပါ။သူတို့ဘာသာ ယောက်ျားပဲကြိုက်ကြိုက်မိန်းမပဲကြိုက်ကြိုက် ကိုယ်နဲ့မဆိုင်သလိုသတ်မှတ်ထားကာ အပြစ်တင်ကဲ့ရဲ့လိုစိတ်မရှိခဲ့ပါ။သို့သော် သခင်ကိုယ်တိုင်တော့ ဒီလိုမျိုးဖြစ်ရမည်မဟုတ်။အဖြစ်လည်းမခံနိုင်ပါ။ပြီးတော့ သခင်ကမိန်းမတွေကို ဘယ်တော့မှလည်းစိတ်ဝင်စားလာမှာမဟုတ်ပါ။

သခင်မသိလိုက်တာက  လူ့စိတ်ဆိုတာအချိန်းမရွေးပြောင်းလဲတယ်ဆိုတာပါပဲ။

***

မနက်လင်းတော့ လင်း မမဇွန်ရင်ခွင်ထဲရောက်နေသည်။ညကမိုးအကြီးအကျယ်ရွာနေတုန်း မမဇွန်က လင်းအခန်းထဲရောက်လာ
ခဲ့သည်။ မမဇွန်က လင်းတစ်ယောက်တည်းကြောက်နေမှာစိုးလို့ဟုပြောခဲ့သည်။မိုးချုန်းရင်ကြောက်တတ်မှန်း ဘယ်လိုသိသလဲတော့မသိပါ။

ပြီးတော့ ရှိသေး၏။
သခင်က လင်းအခန်းတံခါးအရှေ့ထိရောက်လာတယ်ဆိုပဲ။ဒါဟာ အစစ်အမှန်တော့မဟုတ်ခဲ့ပါ။အိပ်မက်သက်သက်သာဖြစ်ခဲ့သည်။သခင်ကဘယ်တော့မှ လင်းကို သနားကြင်နာလိမ့်မည်မဟုတ်။

မနေ့ကသခင်နဲ့စကားအခြေအတင်ပြောနေချိန်တုန်းမမဇွန်မရှိလို့တော်သေးသည်။ မမဇွန်ပုံစံက သခင်ကကိုယ့်ကိုအနိုင်ကျင့်တယ်ဆိုပြီး သခင့်ကိုသိပ်တော့အမြင်မကြည်ဖြစ်နေသည်။ဒါကြောင့်မမဇွန်မသိတာဘဲကောင်းသည်။သခင့်ကိုရက်စက်တဲ့မိန်းမလို့ မြင်သွားမှာစိုးမိပါသည်။

အိပ်ပျော်နေတဲ့မမဇွန်ကိုမနှိုးရက်တာနဲ့ လင်း ညင်ညင်သာသာကလေးအိပ်ရာမှထလိုက်သည်။နာရီကဖြင့်၈နာရီကျော်နေပြီ။တော်သေးတာပေါ့ ဒီကနေ့ကတနင်္ဂနွေနေ့ဖြစ်နေလို့သာပေါ့။

***

အရင်နေ့တွေကမမဇွန်ပဲအိမ်သန်ရှင်းရေးတွေလုပ်နေလို့ ဒီနေ့တော့ အားလည်းအားတာနဲ့ တံမျက်စည်းကိုင်ကာ ကိုယ်တိုင်သန့်ရှင်းနေမိသည်။

"နွယ်ကလေး"

"ရှင် မမဇွန်"

" ဒီနေ့မမဇွန်သူငယ်ချင်းတွေနဲ့မုန့်သွားစားမလို့..နွယ်ကလေးရောလိုက်ခဲ့ပါလား"

သခင် (Completed)Where stories live. Discover now