Episode (6)

70 13 8
                                    

အမှန်စင်စစ်တော့ system ၏ ပြစ်ဒဏ် အချိန်သတ်မှတ်ချက်သည် အလွန်တိုတောင်းပေ၏။ စက္ကန့်သုံးဆယ်မျှသာ ကြာသော်လည်း သေလောက်သည့် နာကျင်မှုမျိုး ဖြစ်နေ၍သာ Haruto တောင့်မခံနိုင်ဘဲ မေ့မျောသွားရခြင်း ဖြစ်ပါသည်။ သူနိုးလာသည့်အချိန်တွင် အဆောင်ပြန်ရောက်နေပြီဖြစ်ပြီး အနားတွင် မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေပါချေ။

သူသည် ပျော့ညံ့သည့်သူမျိုး မဟုတ်သည့်တိုင် ရုပ်ပိုင်းဆိုင်ရာ နေမကောင်းခြင်းဖြစ်ပြီး နိုးလာသည့်အခါ အနားတွင် မည်သူမှ မရှိခြင်းသည် သူ့ရဲ့ ယခင်ဘဝက Junkyu ဆိုသည့် ဒေါက်တာလေး သူ့ဆီရောက်မလာခင် အချိန်များကို အမှတ်ရစေသည်။

မဟုတ်တာတွေ...!

အခု ငါ့မှာ သူငယ်ချင်းတွေရှိတာပဲ... အကြောင်းရှိလို့ တစ်နေရာရောက်နေကြတာ ...

သူ့ဘာသာ အတွေးကို ဖြေလိုက်ပြီးသော် သူတစ်ခုခုကို သတိရသွားပေ၏။ သူအနားကနာရီကို ယူကြည့်မိရာ နာရီသည် မနက် 3 နာရီကို ညွှန်ပြနေသည်။

ဟုတ်တာပေါ့...! ဘယ်သူကအနားမှာ ရှိမှာလဲ အကုန်အိပ်နေကြပြီလေ...!!

နှစ်ထပ်ခုတင်၏ အပေါ်ထပ်တွင် သူကရှိနေတာကြောင့် အကယ်၍ အခန်းထဲလူရှိလျှင်တောင် သူမျက်လုံးဖွင့်ဖွင့်ချင်း မည်သူ့ကိုမှ မြင်ရမည်မဟုတ်ပေ။ ထို့ကြောင့် သူအသာ ထလိုက်ကာ ခုတင်အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ စာကြည့်စားပွဲတွင် မှောက်အိပ်နေသော Yoon Jaehyuk ကို တွေ့ရပေ၏။

သူခုတင်‌မှ ဖြည်းဖြည်းချင်း အောက်ဆင်းလိုက်ပြီးသော် Jaehyuk ၏ အိပ်ယာပေါ်မှ ခေါင်းအုံးတစ်လုံးယူကာ လက်ပေါ်ခေါင်းတင်ထားသည့် Jaehyuk ၏ ခေါင်းကိုအသာမကာ လက်ကိုသက်တောင့်သက်သာဖြစ်စေရန် ဘေးသို့အသာချပေးလိုက်ကာ ခေါင်းအောက်သို့ ခေါင်းအုံးလေး ထိုးပေးထားလိုက်ပါ၏။

ထိုအခါ သူနှင့်သိပ်အကျွမ်းတဝင်မရှိသော သူ့ကြောင့်ဖြစ်ပေါ်လာသည့် အပြုံးဖွဖွတစ်ပွင့်ကို အိပ်ပျော်နေသော အခန်းဖော်ထံမှ ရလိုက်ပါ၏။ Haruto မှာ Jaehyuk က အိပ်နေသည်မှန်း သိသည့်တိုင် အနည်းငယ် မနေတတ်မထိုင်တတ်ဖြစ်သွားရပေ၏။

You've reached the end of published parts.

⏰ Last updated: Feb 06 ⏰

Add this story to your Library to get notified about new parts!

Again (Don't forget S2)[system]Where stories live. Discover now