Episode (2)

110 35 36
                                    

Zawgyi

အတန်းထဲရောက်နှင့်နေတဲ့ Harutoက အတန်းထဲကလူတွေတစ်ယောက်ချင်းကို စုံထောက်မျက်လုံးနဲ့ လိုက်ကြည့်နေလိုက်တယ်။ သရဲတစ်ယောက်လုံးကြီးတောင် ဘာမှမခြောက်ပဲ အေးဆေးနေတာကို ဘယ်ကောင်က သူ့အစား လိုက်ခြောက်နေတာလဲ...??

ခဏကြာတော့ သူ့ရှေ့ခုံမှာ ကောင်လေးတစ်ယောက်ဝင်ထိုင်ပြီး သူ့ကိုလက်ပြလာတယ်။

"yaa...Ruto! အစောကြီးရောက်နေတာပဲ..."

Harutoက သူ့ကိုနှုတ်ဆက်လာသည့်ကောင်လေးကို သေချာမသိသည့်တိုင် တစ်ဖက်လူကဖော်ဖော်ရွေရွေရှိတာကြောင့် အလိုက်သင့် ခပ်ပြုံးပြုံးနှင့် ခေါင်းညိမ့်လိုက်ပေ၏။ ထို့နောက် သူ့ပုခုံးပေါ်က သူတစ်ဦးတည်းသာမြင်နိုင်သည့် Ruru systemကို မေးလိုက်တယ်။

ဒါက ဘယ်သူတုန်း...??

<Park Jihoon...! Kim Junkyu ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း...>

Harutoက စိတ်ထဲမှ သက်ပြင်းမောချလိုက်သည်။ အရင်ကမ္ဘာမှာတုန်းက သူကလူတွေနဲ့ခပ်ကင်းကင်းနေခဲ့ရတာမို့ အပေါင်းအသင်းမရှိခဲ့ပေ။ ယခုလိုရုတ်တရက်ကြီး သူငယ်ချင်းတွေအများအပြားရှိဘာခြင်းအပေါ်နေသားမကျပါပေ။ ဒါပေမယ့်လဲ ဘာဖြစ်လဲနော့...သူကဝိညာဉ်ဖြစ်နေရင်တောင်မှ အရင်ကမ္ဘာက သက်ရှိထင်ရှား Harutoတိုထက်ပင် ထိတွေ့ခွင့်ရှိနေသေးသည်မဟုတ်လား။

Junkyu hyungက ဘာလို့မလာသေးတာလဲ...? အားရပါးရကို နမ်းပစ်လိုက်ဦးမယ်...!

<သတိပေးချက်ပါ...လက်ရှိအခြေအနေမှာ Haruto နဲ့ Junkyuကြားက ဆက်ဆံရေးဟာ သူငယ်ချင်းနှစ်ဦးမျှသာဖြစ်ပြီး Junkyuမှာ လျို့ဝှက်ရည်းစားတစ်ယောက်လဲရှိနေပါသေးတယ်...hostရဲ့ နမ်းမယ်ဆိုတဲ့အတွေးက အပြင်းအထန်oocနေပါတယ်...နောက်တစ်ကြိမ်တွေးရင်သော်လည်းကောင်း လက်တွေ့ပြုမူလျှင်သော်လည်းကောင်း ရမှတ်ထဲမှ 10မှတ်နှုတ်မှာဖြစ်ပါတယ်...>

Harutoမှာ အကြီးအကျယ် ပေါက်ကွဲသွားတော့သည်။

''ဘာပြောလိုက်တယ်...ပြန်ပြောစမ်းပါ ပြန်ပြောလိုက်စမ်းပါ...Junkyu hyungမှာ ရည်းစားရှိတယ်...ပြီးတော့ ဘာ... ? လျို့ဝှက်ရည်းစား...လျို့ဝှက်ရည်းစားဆိုတာဘာကြီးတုန်း...! ပြီးတော့ ဒီတိုင်းလေး စိတ်ထဲကတွေးတာကို ဘာလို့အမှတ်ကလျှော့မှာလဲ...? ပြီးတော့လဲ ၁၀မှတ်တောင်လား? အခုရှိတာမှ ၁၀မှတ်တည်းမဟုတ်ဘူးလား...?''

Again (Don't forget S2)[system]Where stories live. Discover now