Episode (3)

136 27 34
                                    

Junkyuက Jihoonကို စိတ်မဝင်စားဟန်ပြလျှက်ဆိုသည်။

''ဘာတွေလာပြောနေတာလဲ...? မင်းမှာရည်းစားမရှိတိုင်း သူများကိုပေါက်ကရမထင်ပါနဲ့...!''

Jihoonက မျက်နှာကိုမဲ့လိုက်ကာဆိုသည်။

''မသိဘူးလေ...မင်းကပါးစပ်ကပဲပြောနေတာ လူလဲတစ်ခါမှမမြင်ရဘဲနဲ့...!''

Junkyuက သူနဲ့ပြိုင်ပြီး စကားမပြောချင်သည်နှယ် လက်ကာပြလိုက်သည်။

''ငါမင်းနဲ့ပြိုင်မပြောဘူး...အကုန်တိုးတိုးနေကြ ငါအသံသွင်းမလို့...''

ထို့နောက်တော့ သူကသူ့ရဲ့အသံသွင်းခြင်းအလုပ်ကိုစတင်လိုက်ပေ၏။ Harutoက မျက်ခုံးကြီးကျုံ့လိုက်သည့်အခါ သူ့ပုခုံးပေါ်က Ruru systemဆီမှ မညှာမတာ အသံတစ်ခုထွက်ပေါ်လို့လာသည်။

<မျက်ခုံးကျုံ့ကာ အလိုမကျဟန်ပြခြင်းဖြင့် ဇာတ်ကောင်စရိုက်ချိုးဖောက်ပါတယ် ရမှတ် မှတ်နှုတ်၊5 လက်ရှိကျန်အမှတ် 5မှတ်...!>

Harutoက ချက်ချင်းပင် မျက်ခုံးကိုပြေလျော့လိုက်ကာ တောင့်တောင့်တင်းတင်းကြီးနှင့် စိတ်ထဲမှ ကူရာမဲ့စွာပြောလိုက်ရပေ၏။

''မျက်ခုံးကျုံ့ရုံနဲ့ အမှတ်လျှော့တယ်...? မင်းဟာက ဒီလောက်ကြီးစည်းကမ်းတင်းကြပ်စရာမလိုဘူးလေကွာ...နောက်ပြီး ငါမျက်ခုံးကျုံ့တာဘယ်သူကမြင်မှာမလို့လဲ...?"

မျက်စိတစ်မှိတ်အတွင်း သူ့ရမှတ်တွေက တစ်ဝက်တိတိ တကယ်ကြီးလျှော့ချခံလိုက်ရပြီဖြစ်သည်။

Systemက ဆိုသည်။

<OOCဖြစ်ပြီဆိုမှတော့ အမှတ်ကလျော့နေမှာပါပဲ...ဘယ်သူမှမမြင်ပေမယ့် ကျွန်တော်ကမြင်တယ်လေ...>

Harutoက မကျေမနပ်ဆိုသည်။

''ဘာဇာတ်ကောင်စရိုက်တွေ စည်းမျဉ်းတွေလဲ...နဂိုHarutoကရော Junkyuကို ကြိတ်ကြွေနေမနေဘယ်သူကသိမှာလဲ...?''

မည်သို့ပင်ဆိုစေ Harutoအတွက် OOC functionပွင့်ရန် အမြန်ဆုံးကြိုးစားရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူ့ရဲ့ဆန္ဒရော မူလHarutoရဲ့ ဆန္ဒကိုပါ ဖြည့်ဆည်းပေးဖို့ရန်အတွက် ခက်ခဲနေလိမ့်ဦးမည်ဖြစ်သည်။ ထို့ပြင် သူ့ရဲ့ကျန်ရှိနေသောရမှတ်၅မှတ်ကို ထပ်ပြီးလွယ်လွယ်အနှုတ်ခံဖို့မဖြစ်တော့ပေ။ မတော်လို့ ဇာတ်လမ်းတောင်မစရသေးဘဲ ရမှတ်ပြောင်ပြီး သူ့အရင်ကမ္ဘာကိုပြန်ပို့ခံရရင် ဘယ်နှယ်လုပ်မတုန်း။ ထိုကမ္ဘာရှိသူ့ခန္ဓာကိုယ်မှာ သေဆုံးပြီးဖြစ်ကာ သဝိညာဉ်ကပါပြိုကွဲပျက်စီးသွားခဲ့ပြီးဖြစ်လေသည်။ ထို့ကြောင့် OOC functionအမြန်ပွင့်အောင်ကြိုးစားကာ OOC functionပွင့်လာတာနဲ့ တပြိုင်တည်း သူလဲ Junkyuအနားကိုကပ်ဖို့ရန်ပိုပြီးလွယ်ကူလာမည်ဖြစ်သည်။

Again (Don't forget S2)[system]Where stories live. Discover now