Episode (5)

98 18 8
                                    

သူတို့ အတန်ကြာအောင်လမ်းလျှောက်ပြီးချိန်မှာ တောဟာနက်သည်ထက် နက်လာပေ၏။ ရှေ့ဆက်လျှောက်လေလေ ကြီးမားတုတ်ခိုင်သည့် အပင်ကြီးတွေက များပြားရှုပ်ထွေးလာလေလေပင်ဖြစ်သည်။ ရုတ်တရက် Jihoon က ရှေ့တည့်တည့်၁၅ပေလောက်အကွာရှိ သစ်ပင်အောက်သို့ ဓာတ်မီးဖြင့်လှမ်းထိုးလိုက်ပေ၏။ ပန်းရောင်လုံးလုံး အရာလေးတစ်ခု...!

"Yaa....Kim Junkyuuuuu....!!"

Jihoonဆီက ဒေါသပေလော စိုးရိမ်သည်ပေလော မသေချာသည့် ကျယ်လောင်ဆောင့်အောင့်သည့် အသံဖြင့်ကုန်းအော်လိုက်ရုံရှိသေးသည် တစ်လမ်းလုံး သစ်ရွက်နင်းမိရင်တောင် အသားကုန်ထထအော်နေပြီး လှုပ်လှုပ် လှုပ်လှုပ်သာ လျှောက်လာနိုင်သော Harutoမှာ လေအလျင်ကဲ့သို့ ဝှစ်ကနဲ ပြေးကာ Junkyuကို သိုင်းဖက်ပြီး ဖြစ်နေပေ၏။ Jihoon မှာ လက်ခုပ်တောင်ထတီးမိတော့မလို့...

ဟုတ်တယ်လေ ... ကြည့်စမ်း...! မသိရင် ကျင့်ကြံဆင့် ရွှေအမြူတေဆင့်ဘာတွေရောက်နေလားလို့တောင် ထင်ရတယ်လေ...!

တကယ်ကြီးဟ ... လေလိုပါပဲဆို ... ဝှစ်ကနဲဆို သူ့ဆံပင်တွေပါလွင့်တာပါဆို...!!

သို့သော် Jihoon အံ့ဩ၍မဆုံးခင်မှာပင် Harutoက တစ်ခုခုကို အံ့ဩသွားဟန်ဖြင့် Junkyu ကို လွှတ်လိုက်ကာ နောက်သို့ တစ်လှမ်းခန့်တွန့်ကနဲဖြစ်သွားပေ၏။ ထို့နောက်သူ့နှုတ်ဖျားမှ လွှတ်ကနဲ ထွက်လာသည့် နာမ်စားက...

"Hyung..." ဆိုသည့် နူးညံ့တိုးဖျော့သည့်အသံလေးတစ်ခု...

Junkyuက ခဏတာ တုံ့ပြန်မှုမရှိသလိုထင်ရသော်ငြား မျက်တောင်တစ်ချက်ခပ်စာအတွင်းမှာပင် ထိုင်ရာမှ ထလာကာ အံ့ဩတကြီးဆိုသည်။

"Ruto...ဘယ်လိုရောက်လာတာလဲ...?"

ထူးဆန်းသည့်ကြားထဲမှပင် Haruto ရဲ့ ရင်ထဲနွးကနဲ ခံစားလိုက်ရသည်။ အရင်က ဒေါက်တာလေး Junkyuသည်လဲ သူ့ကို ဤသို့သော ချစ်စဖွယ်အမူအရာလေးဖြင့် "Ruto" ဟု ခေါ်တတ်ခဲ့တာဖြစ်သည်။
Jihoonမှာ မကြာခင်ကဖြစ်သွားသည့် မသိမသာမူမမှန်မှုကလေးဟာ သူအထင်မှားသည်လားဟုပင် တွေးနေမိသည်။ Harutoကလဲ မျက်နှာအမူအရာထူးဆန်းနေသည်မှ လျှင်မြန်စွာ ထိန်းလျှက် Junkyuကို လက်ပိုက်ကြည့်ကာ သက်ပြင်းချသည်။

Again (Don't forget S2)[system]Where stories live. Discover now