"မင်းဘာသာ သင်ချင်သင်ပေါ့ ဘာလို့ငါ့ကိုလာပြောနေတာလဲ"
ဟုတ်ပါရဲ့။သခင်က ဘယ်တုန်းကများ အာရုံစိုက်ဖူးခဲ့တာမှတ်လို့။
" သခင် မှတ်တိုင်ကျော်သွားပြီလေ"
"ကားစီးစရာမလိုဘူး...မိနစ်၂၀လောက်လမ်းလျှောက်ရင်ရောက်တယ်"
"ဪ.."
သခင်ကမိနစ်၂၀လောက်ဆိုပေမဲ့နာရီဝက်လောက်လမ်းလျှောက်လိုက်ရသည်။
သခင်က ကော်ဖီဆိုင်သေးသေးလေးတစ်ဆိုင်ထဲကိုဝင်သွားသည်။
နောက်ပြီး အဖြူရောင်တီရှပ်ဝတ်ထားတဲ့ အမျိုးသားတစ်ဦးထိုင်နေတဲ့ ဝိုင်းသို့ သွားလိုက်သည်။အဲ့ဒီလူကို မြင်ဖူးသလိုလိုခံစားမိသည်။သို့သော်မမှတ်မိပါ။"စောင့်ရတာကြာသွားလား ကိုထူးမြတ်မင်း
ကျွန်မ အားနာနေတာ"သခင်ကမထိုင်သေးဘဲဦးစွာနှုတ်ဆက်နေသည်။သခင်ကအခုလိုလည်း ဆက်ဆံရေးကောင်းတတ်ပါသေး၏။
"ကျွန်တော်လည်းခုနလေးကမှရောက်တာပါ မလွန်းညသခင်ရယ်.. ထိုင်ကြပါဗျာ"
"ဟုတ်ကဲ့"
သခင်ကထိုလူနှင့်ကန့်လန့်ဘက်တွင်ထိုင်လိုက်သဖြင့် လင်းကထိုလူနှင့် မျက်နှာချင်းဆိုင်ထိုင်မိသွားသည်။ဘာရယ်မဟုတ် သခင်နဲ့ပတ်သက်နေတဲ့သူဖြစ်သဖြင့်စပ်စုချင်စိတ်တော့ဝင်မိသည်။
ထိုလူ၏ရုပ်က အရမ်းကြီးချောတဲ့ထဲမပါပေမဲ့ ကြည့်လို့တော့အတော်ကောင်းတဲ့ထဲပါသည်။မဖြူလွန်းမညိုလွန်းတဲ့အသားအရေနဲ့ ခန္ဓာကိုယ်အချိုးအစားလည်းကျပေသည်။
သခင်နဲ့များဘယ်လိုပတ်သက်နေပါလိမ့်။ ပြီးတော့ ဘာကြောင့်များသခင်ကမိတ်ဆက်ပေးချင်ပါလိမ့်။
"တစ်ခုခုစားချင်တာမှာကြပါ..ကျွန်တော်ဝယ်ကျွေးမယ်နော်"
ထိုလူကအပြုံးတစ်ချက်ဖြင့်ဆိုလာသည်။သူ့ မျက်လုံးများက ကိုယ့်ဆီကိုနေတယ်လို့ခံစားရ၏။
"မဟုတ်တာ ကိုယ့်ဘာသာဝယ်စားမှာပေါ့"
သခင်ကထိုသို့ ခပ်နောက်နောက်တစ်ခွန်းသာပြန်ပြောလိုက်သည်။
![](https://img.wattpad.com/cover/342680565-288-k152851.jpg)
YOU ARE READING
သခင် (Completed)
Romanceသခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်...
အပိုင်း(၁၃)
Start from the beginning