တစ်ကယ်တော့ ရှန်ရှောက်နျူကသူ့ရဲ့မှီခိုရာဖြစ်နိုင်တာပဲလေ ဟုတ်တယ်မလား။ပြောရရင် သူမကသူ့ကိုငါးသောင်းချေးခဲ့တယ်လေ။

"မင်းကဘာလို့ဒီကိုလာတာလဲ"

လုကျိန့်ရန်သည်ရှန်ရှောက်နျူအားကြည့်ကာ မိမိကိုတော့စကားတစ်ခွန်းမှမပြောပဲဖြတ်ကနဲသာကြည့်ခဲ့လေသည်။ထိုသည်မှာသူသည်မိမိအားမေ့လျော့သွားခဲ့ပုံရသည်။ဘာလဲဟ။ငါ့ရဲ့တည်ရှိမှုအဆင့်အတန်းကအရမ်းနိမ့်ပါးသွားတာလား။

"မင်းငါ့ကိုမှတ်မိသေးလား။နောက်ဆုံးအခေါက် မင်းကော်ဖီဆိုင်မှာအရူးထနေတုန်းက ငါလည်းရှိနေတယ်လေ"

မိမိ၏အခွင့်အရေးသည်အပုံတစ်သောင်းပုံတစ်ပုံရှိမယ်ဆိုရင်တောင် မိမိမှာသိချင်နေဆဲပင်။

မိမိ၏စကားများအားကြားသည်နှင့် လုကျိန့်ရန်သည်သူ၏ဘေးပတ်ဝန်းကျင်အားစိုးရိမ်တကြီးကြည့်လိုက်သည်။သူသည်မိမိပြောလိုက်သည်ကိုလူများကြားသွားမည်အားထိတ်လန့်နေခဲ့သည်။ပြောရလျှင် သူသည်လည်းသူလုပ်ခဲ့သည်မှာဘာတစ်ခုမှဂုဏ်ယူစရာကောင်းမနေခဲ့မှန်းကိုသိလေသည်။

ခေတ္တအကြာ၌သူသည်ပြန်ဖြေလာခဲ့သည်။

"ခင်ဗျားကဘယ်သူလဲ"

"အာ..မင်းငါ့ကိုတစ်ကယ်ကြီးမမှတ်မိဘူးလား။ငါမင်းရဲ့အခြေအနေကိုကြားခဲ့ရပြီး မင်းကိုကူညီပေးချင်လို့ပါ။မင်းအလုပ်ကဘယ်အချိန်ပြီးမှာလဲ။မင်းပြီးတဲ့အထိငါစောင့်နေပေးမယ်လေ။ပြီးရင်ငါတို့တွေပိုတိကျတဲ့အသေးစိတ်တွေပြောနိုင်ပြီ"

မိမိသည်စားသုံးသူအတွက်ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်ချလိုက်သည်။

"အမ်...ငါကကျူရှင်သွားရဦးမှာ။အဲ့တော့ငါနေလို့မရတော့ဘူး။ဒီနေ့ကသူမကိုဒီနေရာဆီပို့ပေးဖို့ပဲငါလာခဲ့တာ"

ရှန်ရှောက်နျူသည်ပြောလိုက်ပြီးနောက် သူမ၏ကျောပိုးအိတ်အားပိုက်ကာအလျင်စလိုထွက်သွားတော့သည်။

"ခင်ဗျားကျွန်တော့်ကိုကူညီချင်အောင်ဘာကလုပ်ခဲ့တာလဲဆိုတာကိုသိလား"

"ငါတစ်ကယ်ကိုဘာတစ်ခုမှမသိပါဘူး။ဒါပေမယ့်ငါယုံကြည်တဲ့လူကမင်းကိုကူညီချင်နေတယ်လေ။အဲ့တော့ငါလည်းမင်းကိုကူညီဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တာပဲ"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now