"ရွှေငါးလေး....ငါအရင်ပြောပါရစေဦး"

  မိမိသည်စုယန်၏လက်အားဘေးဖယ်လိုက်သည်။

  "ဘော့စ်။ရှင်ဘာပြောဖို့ကြိုးစားနေတာလဲ။ရှင်တို့နှစ်ယောက်အတူရှိကြတော့မယ်လို့ရှင်ထင်နေပြီး သူမကရှင့်ဆီမှာအမျိုးသမီးလက်ထောက်တစ်ယောက်ရှိနေတဲ့အချက်ကိုမကြိုက်ခဲ့ရင်...."

  ဤအခိုက်တွင်မိမိ၏စိတ်ပိုင်းဆိုင်ရာအခြေအနေအားပြန်လည်ညှိဖို့ရပ်တန့်ခဲ့သည်။ငါအဲ့ဒါကိုပြောရမယ် မဟုတ်လို့ကတော့ ငါကအရှက်မရှိတဲ့လူစားမျိုးဆိုပြီး စုယန်ကတွေးနေလိမ့်မယ်။

  "အဲ့ဒါကအဆင်မပြေဘူးလို့ရှင်ထင်ရင် ကျွန်မထွက်သွားပေးပါ့မယ်။ဒါပေမယ့်အရင်ဆုံးကျွန်မနေရာတစ်နေရာရှာတွေ့တဲ့အထိရှင်စောင့်ပေးရမယ်။ကျွန်မကထွက်သွားချင်တိုင်းသွားလို့မရဘူးလေ။အရင်တည်းကတိုက်ခန်းကိုကျွန်မကအငှားချထားပြီးပြီ။ဒါကြောင့်ရှင်ကျွန်မကိုအချိန်အချို့တော့ပေးရမယ်...ဒါပေမယ့်ကျွန်မရှင့်ကိုပြောချင်တာက ကျွန်မကရှောင်လွှဲဖို့ငြင်းဆန်နေတဲ့သကြားလုံးချိုချိုလေးတစ်လုံးမဟုတ်ဘူးလို့။ရှင်ကဘော့စ်ဖြစ်ပြီးကျွန်မကလက်ထောက်လေ။ရှင့်ရဲ့ဆန္ဒတွေကိုကျွန်မကသေချာပေါက်လိုက်လျောပေးမှာပါ"

  "ဒါကငါပြောမယ့်စကားတွေမဟုတ်ဘူးလေ"

  စုယန်သည်ခေါင်းယမ်းကာ သူ၏နဖူးအားမိမိနဖူးဆီဖိကပ်လာခဲ့သည်။မိမိသည်အလွန်အံ့အားသင့်သွား၍နောက်ဆုတ်လိုက်မိသည်။

  မိမိသည်စုယန်အားတိတ်တိတ်လေးစူးစမ်းလိုက်သည်။သူ၏မျက်လုံးများမှာပိတ်နေပြီးသူ၏ဆွဲဆောင်မှုရှိသောမျက်တောင်လေးများမှာအနည်းငယ်တုန်ယင်နေလေသည်။သူသည်သူ၏ပါးစပ်အားဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

  "ငါ့ကိုပြီးအောင်ပြောခွင့်ပေးဦးလို့ငါမင်းကိုပြောပြီးပြီလေ။ဒါပေမယ့်စလာကတည်းက မင်းချည်းပဲပြောနေတယ်။မင်းငါပြောတာကိုဘယ်အချိန်မှနားထောင်မှာလဲ။ပြီးတော့ငါ့ဆန္ဒတွေကိုမင်းကလိုက်လျောပေးမယ်လို့မင်းပဲပြောတာနော်"

  "ရှင်..."

  မိမိသည်သူ၏ငြင်းခုံမှုအားဘယ်လိုချေပရမည်ကိုမသိတော့ပေ။ဒါနဲ့သူကဒီနေ့ဘာဖြစ်နေတာလဲ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now