အပိုင်း(၁၂)

Start from the beginning
                                    

"သခင့်အတွက်ကိုယ်တိုင်စိုက်ချင်လို့ပါ မမဇွန်ရဲ့ "

"ဟုတ်ပါပြီ..ဒါဆိုလည်း နောက်နေ့မှတစ်ခါပြန်စိုက်တော့နော်...ဒီအပင်တွေက အမြစ်မှာလည်းရွံ့ကပ်ပြီးသားပဲဘာမှမဖြစ်ဘူး..နောက်နေ့မှသာစိုက်တော့"

"အင်း အဲ့လိုပဲလုပ်လိုက်ပါမယ်"

လက်ကလည်းအတော်နာနေပြီမို့ မမဇွန်ပြောတာကိုလက်ခံလိုက်သည်။

"လာ အိမ်ထဲကျရင်ဆေးထည့်ရအောင်"

***

"မမဇွန်ဆေးဘူးသွားယူလိုက်ဦးမယ် ..ခဏစောင့်နော်"

"ဟုတ်"

ဧည့်ခန်းမှာသခင်ထိုင်နေသည်။မမဇွန်နဲ့လင်းဝင်လာတာကိုပင်တစ်ချက်မှမကြည့်ပါ။သူ့အလုပ်နှင့်သူရှုပ်နေတယ်ထင်ပါရဲ့။

မြေကြီးတူးထားသဖြင့် လူကလည်းအတော်မောကာ ရေဆာနေပြီ။
သခင်ပြောလည်းပြောချင်စရာပါပဲ။အခုအရွယ်ထိဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်သေး။ဒါလောက်လေးလုပ်ရတာကိုပင်ပန်းတတ်နေပြီ။

"ခွမ်"

လက်ကမကိုင်နိုင်တော့ဘဲ ဖန်ခွက်လွတ်ကျသွားတော့သည်။

ကိုယ့်ကိုများကြည့်မလားဆိုပြီး သခင့်ကိုကြည့်လိုက်တော့တစ်ချက်က‌လေးမှ
မှကြည့်မလာပါ။သူ့စာများကိုသာသူရေးနေသည်။

"အား.."

ဒီတစ်ခါတော့နာကျင်လွန်း၍အသံစူးစူးဝါးဝါးထွက်သွားသည်။ဒီတစ်ခါတော့သခင်က မော့ကြည့်လာပါသည်။

"နာလိုက်တာ"

လင်းခြေထောက်ကိုဖန်ကွဲစတွေရှကုန်သည်။ဖန်စတွေကအကြည်ရောင်မို့ မမြင်ဘဲ နင်းမိခြင်းဖြစ်သည်။

ခြေထောက်မှာသွေးတွေပင်အတော်ထွက်နေပြီ။

လင်းခြေထောက်ကိုဖန်ကွဲစစူးသွားတာကို သခင်သေချာမြင်သည်။
သို့သော် တစ်ချက်မမေးသလို၊တစ်ချက်မှမကြည့်ပါ။သူနှင့်မဆိုင်သလိုနေကာ ဥပက္ခာပြုနေသည်။

သခင်ရယ်အဲ့လောက်ထိတော့ဥပေက္ခာမပြုပါနဲ့လား။

"ခြေထောက်မှာသွေးတွေ....ဘယ်လိုဖြစ်တာလဲ နွယ်ကလေးရယ်"

သခင် (Completed)Where stories live. Discover now