''အင်း အခုတလော ပြန်မောလို့လား
ဆရာဝန်ကဘာပြောလဲ''

''ဆရာဝန်က စောင့်ကြည့်မယ်တဲ့''

အဖေချည်းဝင်ဖြေနေတော့တာ။

''အင်း ဘာဒါ ဟိုကလေးမရော''

''ဟိုကလေးမမဟုတ်ပါဘူး အမေကလည်း
ပတ်ချယ်ယောင်း
အမေ့ချွေးမ..
အမေတို့က ချက်ချင်းလာဆိုလို့ ဘာမှန်းမသိလို့ မခေါ်ခဲ့တာလေ''

''မခေါ်ခဲ့တာကောင်းတယ်''

''ယောင်္ကျား ''

''ပေါက်ကရတွေလုပ်မနေတော့နဲ့ အီဘာဒါ
ကျောင်းတက်နေတယ်ဆိုလို့ လွှတ်ထားပေးတာ''

''မလွှတ်တော့ အဖေက ဘာလုပ်ချင်လို့လဲ
ဘာဒါ ကလေးလည်းမဟုတ်တော့ဘူး''

''ကလေးမဟုတ်ရင် မဖြစ်သင့်တာကို သိရမယ်မလား
ဘယ်လိုဦးနှောက်နဲ့စာသင်နေလဲ''

''မဖြစ်သင့်တာလို့ ဘာလို့တွေးနေတာလဲ အဖေ
ဘာဒါ သူမရှိရင် မနေနိုင်ဘူး''

''ဘာကွ''

''တော်ကြတော့ တော်လိုက်ကြတော့ နှစ်ယောက်လုံး''

''မင်းအမေနေမကောင်းမချင်းပြန်ဖို့စိတ်မကူးနဲ့''

''ရှေ့လ Wedding..''

''တော်စမ်းပါ
မင်္ဂလာဆောင်တမ်းကစားမယ့်ကိစ္စတွေ ငါ့ကိုလာမပြောနဲ့''

''မင်္ဂလာဆောင်တမ်းမဟုတ်ဘူး
အဖေလိုချင်ရင် မြေးချီရအောင်ပါ လုပ်ပေးလို့ရတယ်''

''အီဘာဒါ''

ဟိန်းပြီးထွက်လာတဲ့အဖေ့အသံနဲ့အတူ
အမေက ဘာဒါ့ရှေ့ဝင်ရပ်တယ်။
ကျစ်..
ရန်ဖြစ်ချင်လို့ အိမ်ပြန်လာတာမှ မဟုတ်တာ။

''ပြန်တော့မယ်''

''ဘယ်ကိုပြန်မှာလဲ''

''မင်းအမေနေမကောင်းဘူး
သိတယ်မလား
မစိတ်မွှန်နေတာလည်း တော်ရုံပဲကောင်းတယ်''

မမမှ ပါမလာတာ။

''ဟုတ်သားပဲ ဘာဒါရယ်
သူလည်းမပါဘူးဆို
အိမ်မှာပဲနေလိုက်နော်''

နေမကောင်းတဲ့အမေ့စကားကြောင့်
ဆက်လည်း မငြင်းချင်တော့ဘူး။
မမလာမှပဲ ဟိုအခန်းကိုသွားနေလိုက်တော့မယ်။

မင်းနဲ့တွေ့ပြီးတဲ့နောက်Hikayelerin yaşadığı yer. Şimdi keşfedin