19

3.2K 165 47
                                    

(ကျော်ဖတ်မယ် မကြံကြနဲ့နော် ဟွန်း)

မနက် ဘာဒါနိုးတော့ ဟိုဘက်အခန်းက အသံကို နားစွင့်ရတယ်။
မမနိုးနေပြီပဲ။
ညက အခန်းထဲ ချီပြီးပို့ထားတာ မှတ်မိလောက်မလား။
ဆေးသောက်ထားတာဆိုတော့ သိချင်မှလည်းသိလိမ့်မယ်။
ဆေးကလည်း ဘယ်နှလုံးတောင်သောက်တာလဲ ပတ်ချယ်ယောင်းတစ်ယောက်နဲ့တော့လေ..
ပြောမယ့်ဆိုမယ့်သူမရှိလို့ နေချင်သလိုနေနေတော့တာပဲ..
ဆေးသောက်ရင်လည်း အခန်းထဲအိပ်ရမယ်မလား..
အခုတော့ ဘာဒါလိုက်ပို့တာလို့ မသိလောက်ဘူး..
ဒီနေ့ပိတ်ရက်ကြီးမလား..
တစ်နေကုန်အိမ်မှာနေမှာထင်တယ်..
ပြန်ဖို့အတွက် အကုန်ပြင်ထားပြီးမှ အခန်းထဲပုန်းနေရလို့ လေဆိပ်ဘယ်လိုဆင်းရပါ့..
Maryကတော့ ပြန်မရောက်သေးဘူး..
အပြီးလိုက်သွားပြီလား ဒီမိန်းမ..
ခဏကြာတော့ မှန်ပြတင်းပေါက်က ချောင်းကြည့်နေတုန်း
ပတ်ချယ်ယောင်းထွက်လာတယ်။
ဘောင်းဘီရှည်နဲ့ကိုယ်ကျပ်blouseလေးဝတ်ထားပြီး အပေါ်က coatအသားရောင်လေးဝတ်ထားတယ်။
အလုပ်သွားရမယ်ထင်တယ်။
လှလိုက်တာ မမရယ်..
မတွေ့ရတဲ့နှစ်တွေအတွင်း ပိုလှလာတာလား..
အပြင်ကိုပြေးထွက်ပြီး ဆွဲနမ်းချင်စိတ်ကို အောင့်အီးသည်းခံထားရတယ်..
မမက ဘာဒါ့အခန်းဘက် လှည့်ကြည့်တယ်။
ဘာလဲ ရိပ်မိသွားတာလား..
အနားကို ကပ်လာပြီး
ဘာဒါကြည့်နေတဲ့မှန်နားရောက်လာတော့
ဝုန်းခနဲထိုင်ချလိုက်ရတယ်..
ဘာလာချောင်းတာတုန်း..
မှတ်မိလို့ပဲမလား..
သိသွားတာလား..
ထွက်သွားတဲ့အသံကြားတော့မှ ပြန်ထပြီး ပြန်ကြည့်ရတယ်။

ခဏကြာတော့ Maryပြန်ရောက်လာတယ်။
ခြံဝက ကားသံကြားတာနဲ့
ထွက်ကြည့်ပြီး

''လာဦး''

''နေပါဦး အဝတ်အစားလဲပြီးမှ လာခဲ့မယ်''

''မရဘူး အခုလာ
ငါ ညကတည်းက သည်းခံထားရတာ''

''ညကတည်းက??
ဘာဖြစ်တာလဲ''

ပြုံးစိစိဖြစ်နေတဲ့ရုပ်ကို Maryက နားမလည်နိုင်စွာကြည့်တယ်။

ဘေးအခန်းကို မေးဆတ်ပြလိုက်ပြီး

''ဟုတ်တယ်''

ဘာဟုတ်တာလဲ နားလည်ပေမယ့်
အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားနဲ့ အောက်ကနေ မော့ကြည့်နေတယ်။
ဘာဒါက လှေကားထိပ်မှာဆိုတော့
Maryရဲ့အတော်ကြာငြိမ်သက်နေမှုကို စိမ်ပြေနပြေကြည့်နေလိုက်ပြီးမှ

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now