34

2K 131 7
                                    

Uni


  " မောင့်..."

  " ဗျာ..."

  " နိုးဘူးဖျော်လို့ မပြီးသေးဘူးလား.. "

  " ပြီးတော့မှာပါဗျာ..ခဏလေးပဲစောင့်.."

  " မြန်မြန် သားတွေ ဆာနေကြပြီ.."

  " လာပြီဗျ...ဒီမှာ နို့ဘူးတွေ..."

  " ပေး.ငါတိုက်လိုက်မယ်မောင်..ရေချိုးလိုက်လေ "

  " နေပါဦးဗျာ...ချိုးပါ့မယ်..သားတွေကို ကြည့်ပါရစေ "

  " ပိုနေတာ..ခဏဆိုရင်လဲ ကြည့်မှာပဲကို.."

  " မပိုဘူးဗျ...ဒီကောင်က အလုပ်ကပြန်ရောက်ရင် ခင်ဗျားတို့သားအဖတွေကို အရင်ဆုံး မြင်ရမှ အမောပြေတဲ့ကောင်.."

  " ဟုတ်ပါပြီ... ဒါဆိုလဲ သားတို့ကို နို့ဘူးဝိုင်းတိုက်ပေးဦး.."

  " လာထား..ဒယ်ဒီ့သားတွေ.နို့သောက်ကြမယ်.."

  " ဖြည်းဖြည်း မောင်..သီးမယ်.."

  " မသီးပါဘူးဗျာ..သားတို့က သောက်တတ်နေပါပြီ..မောင့် ရှောင်းသာ အနားယူ.."

  " မောင်က နေ့လယ်စာ စားရဲ့လား.."

  " စားပါတယ် ရှောင်းရဲ့...မောင် ကျမ်းမာမှ မောင့်အိမ်သားနဲ့ သားလေးတွေကို စောင့်ရှောက်နိုင်မှာလေ.."

  " ဟုတ်ပါပြီ.. ခုလဲ လှုံခြုံပါတယ် မောင့်အရိပ်မှာ.."

  " ဒီထက်မက လှုံခြုံစေချင်တယ်ဗျ..လက်ညိုးထိုးသမျှ မရဘူးဆိုတာ မဖြစ်ရလေအောင် ပြည့်ပြည့်စုံစုံနဲ့ ထားချင်တာ.."

  " ခုလဲ ပြည့်စုံနေပါတယ်မောင်ရယ်..အရမ်းပင်ပန်းအောင် မလုပ်ပါနဲ့... ငါတို့မှာ မောင်မရှိလို့ မဖြစ်တာသိတယ်မလား.."

  " တူတူပါပဲကွာ.. မောင့်မှာ လဲမင်းလေးတို့က မရှိမဖြစ်.. "

ဆေးရုံက မဆင်းရသေးတော့ မောင့်မှာ အလုပ်သွားအလုပ်ပြန်တာတောင် အိမ်ကိုမဝင်ပဲ ရှောင်းတို့ဆီကို တန်းလာတတ်သည်...ခုလဲ ရောက်လာတာနဲ့ နို့ဘူးဖျော်ရန် ပြင်နေတဲ့ရှောင်းကိုတွေ့တော့ အတင်းဝင်လုပ်တာ...

နားပါ ဆိုတာကိုမရဘူး...ရေလဲ မချိုးသးပဲလုပ်နေတာ...သခွားရောင်ရှပ် ဂျင်းအညိုနဲ့ ခန့်ညားနေတဲ့မောင့်အသွင်က တည်ကြည်စွာ...သွားတွေကို နို့ဘူးထိန်းပေးရင်း ပြုံးကြည့်နေပုံက ပီတိတွေအပြည့်...

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Wo Geschichten leben. Entdecke jetzt