26

2.1K 131 15
                                    




Uni





နေရောင်ဖျော့ဖျော့ အောက်ကတောင်စဥ်တောင်တန်း တွေမှာမှိုင်းပြပြရှိနေလျှက်...မိုးဦးကျနေပေမဲ့ မိုးစွေနေတာမျိုးလဲ မဟုတ်...
တောင်တက်လမ်းတလျှောက်မှာ ပွင့်နေတဲ့ ပန်းရိုင်းတွေကအစ လှလှပပလေး ပွင့်ဖူးလို့....တောင်ပေါ်သားတစ်ယောက်မို့ တောတောင်ရေမြေသဘာဝ ကို ချစ်တာအဆန်းတော့မဟုတ်...

ညီအစ်ကိုနှစ်ယောက် ယှဥ်လျှောက်လာကြရင်းက တိတ်ဆိတ်နေမိသည်...ဖိုးဝမ်အား တောင်းပန်ရန် သွားတွေ့လိုက်ဆိုတော့ ထွက်လာခဲ့ကြတာ ဖြစ်သည်....ယန် ကတော့ ရှောင်းဘေးမှာ တိတ်ဆိတ်စွာ ပါလာသည်...

" ယန်..."

" အင်း "

" မောင်နဲ့ ဘယ်လိုတွေ့ကြတာလဲဟင်..."

".... "

တိတ်ဆိတ်သွားတဲ့ ယန့်ကြောင့်မေးမိတာ မှားပြီလားလို့ပင် တွေးမိသည်...ဒဏ်ရာဟောင်းတွေကို ပြန်ဆွသလိုများဖြစ်သွားပြီလား...
မေးသင့်မမေးသင့် တွေးနေခဲ့တာကြာပြီ..သိချင်လွန်း၍သာ...

" မင်း အဆင်မပြေရင်..မဖြေလို့ရတယ်..ငါက ဒီတိုင်း သိချင်လို့မေးကြည့်တာ.."

" ဖြေလို့ရပါတယ်..."

" အင်း.. "

" မင်းတို့ စေ့စပ်ပွဲမတိုင်ခင်တစ်ရက်က တွေ့ကြတာ...မနက်အစော ပြေးရင်းနဲ့ သူ့ကိုငါ့စက်ဘီးနဲ့ တိုက်မိတာ..."

" .... "

" သူက ချေတယ်...ခုမှမဟုတ်ဘူး..ငါတို့စတွေ့ကတည်းကပဲ.."

" ..... "

" ခပ်စူးစူး အကြည့်တစ်ချက်ကလွဲလို့ ဘာမှ မရလိုက်ဘူး "

" တိုက်ဆိုင်တာပေါ့...ဒီလောက်ကြီးကျတော့.."

" အင်း...ဖူးစာက ငါနဲ့မဟုတ်ပဲ မင်းနဲ့ ဖြစ်ခဲ့တာနေမှာ...အဟင်း.."

" တောင်းပန်ပါတယ် ယန်.."

" မင်းနဲ့ မဆိုင်တာမို့ မလိုဘူး.."

" အင်း..."

" မင်းတို့ကရော..ဘယ်လိုတွေ့တာလဲ.."

" ငါတို့က..."

မျက်နှာချောချောမှာ ခပ်ရဲရဲဖြစ်လာတော့မှ ရှောင်း ရှက်နေပြီဆိုတာသိလိုက်သည်...ရိပေါ် ချစ်တာလဲ မဆန်းပါဘူး...ရှောင်းကတကယ်လှတာ...အဲဒီအလှတရားတွေကို ရိပေါ် မြင်သွားတဲ့ပုံပဲ...

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now