8

2.2K 130 4
                                    




Uni







ခြံဝန်းကျယ်ကြီးထဲမှာ ရောင်စုံမီးလုံးတွေက ထိန်နေအောင် လင်းနေသည်မို့ လရဲ့အလင်းရောင်က ထိုး၍မပေါက်နိုင်....ဖန်ခွက်ချင်းတိုက်သံ...ရယ်မောသံ တူရိယာသံစုံကပါ မြိုင်ဆိုင်နေခဲ့သည်....စီးပွားရေး လောကမှ လူများပါကြသလို နိုင်ငံရေးသမားများ ကလဲ အမြောက်အများ....

ဆက်ခံသူ သခင်လေးရဲ့ လက်ဆက်ပွဲမို့ တက်ရောက်လာကြတယ်ဆိုလဲ မမှား...သခင်လေးကို မြင်ဖူးချင်ကြသလို ဝမ်အုပ်စုနဲ့ပါ လက်တွဲချင်ကြသူတွေပါ ရှိသည်....ထိုသူများ အသိချင်ဆုံးက ဆက်ခံသူရဲ့ကြင်ယာပဲ...ဥက္ကဠကြီး ကိုယ်တိုင်တောင် တောင်းယူလက်ဆက်ပေး စေခဲ့သည်မို့... ထိုကြင်ယာအား မြင်ဖူးချင်ကြသည်မှာ အဆန်းမဟုတ်...
ဆက်ခံသူသခင်လေး ကပါ ကြည့်ဖြူစွာ လက်ထပ်ယူခဲ့သည်မလား...

ဆက်ခံသူသခင်လေး ကိုယ်တိုင်က ဒါဟာ ကျွန်တော့် ရဲ့သတို့သားပါလို့ မိတ်ဆက်လာစဥ်က အားလုံး ပါးစပ်က အဟောင်းသား ဖြသ်ခဲ့ကြရသည်....မြင့်သောအရပ်က သခင်လေးထက် အနည်းသာပိုမည်...ဖြူတာမဟုတ်တဲ့ အသားအရေကဝင်းစိုနေကာ ကြည်ပြာရောင် အနောက်တိုင်းဝတ်စုံလေးနဲ့ လိုက်ဖက်နေသည်မှာ နှိုင်းပြစရာ မရှိ..အနက်ရောင်အဆင်းရှိ ဆက်ခံသူသခင်လေးနဲ့ ကြည်ပြာရောင်မှာ လောကနိယာမနဲ့ သွေဖယ်ခြင်းမရှိ လိုက်ဖက်နေခဲ့သည်.....

မြင့်မြတ်တဲ့ အမျိုးကောင်းသားတွေမို့ ကိုယ့်လက် သူချိတ်မလို သူ့လက်ကိုယ်ချိတ်ရမလိုနဲ့ အနည်းငယ် တော့ ဂွကျပါသည်.... နောက်ဆုံးတော့ ဝမ်သခင်လေးကောင်းမှု့နဲ့ပင် အဆင်ပြေခဲ့ရသည်... အကြောင်းရင်းကတော့ ရှောင်းရဲ့ လက်သွယ်သွယ် ကို သူ့လက်ဖဝါးကြီးတွေထဲ ထည့်ဆုပ်ထားလိုက်ခြင်းမို့....

" ဥက္ကဋ္ဌကြီး ကတော့ ပြုံးပြုံးကြီး ပါလားဗျို့.."

" ပြုံးရမယ်လေ...မြေးအတွက် စိတ်ချလို့ရပြီပဲ "

" အိမ်ထောက်ဖက်က ယောကျ်ား လေးလေ မိန်းကလေးမှ မဟုတ်တာ ဘာ်လိုလုပ် စိတ်ချရတာလဲ ဗျ "

" မိန်းမတွေထက် အဆပေါင်းများစွာ သာလို့ပေါ့ဗျာ...ခုမိန်းကလေးတွေက ကျုပ်မြေးကိုသာ ရချင်တာ အိမ်ထောင်ဖက်ကောင်းတော့ ဖြစ်မလာနိုင်ဘူးလေ "

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now