33

1.9K 132 3
                                    




Uni




ကလေးသူငယ်သုံးပစ္စည်း တွေရှိတဲ့ မားကတ်အတွင်း တောင်လျှောက် မြောက်လျှောက်နဲ့ ဝယ်လို့မပြီးနိုင်တာက ယန်...ဒီ တူလေးတွေ ယန့်ဘဝထဲ ရောက်လာကြလို့ တော်ပါသေးသည်...

ကလေးက သုံးယောက်ဆိုတော့ ဝယ်ယူရတာတွေက ဆင်တူတွေ...တစ်မျိုးကို သုံးခုစီ ဝယ်ယူရတော့ လက်တွေတောင်ထုံချင်နေပီ...Mr.ဝမ်လို ဝယ်ပြီးရင် အိမ်ကိုပို့ပေးလိုက်ဆိုပြီး အမိန့်ပေးလို့ရရင်လဲ ကောင်းသား...

ခုတော့ ကိုယ်တိုင်ဝယ် ကိုယ်တိုင်ဆွဲ ကိုယ်တိုင်သယ်...အမျိုးသမီး သုံးပစ္စည်းကိုပါ တွဲရက်ဖွင်ပေးထားတော့ မိခင်လောင်းတွေ အတွက်တော့ အဆင်ချောနေမှာပဲ...မချောနိုင်တာက ယန်...

ဝန်ထန်းတွေက အမျိုးသမီးတွေဆိုတော့ ယန့်ကိုကြည့်နေကြတာ ပြုံးစိစိ...ပြောကြပါသေးသည်...ကလေးအဖေ ချောချောလေး ဆိုလား...မိန်းကလေးတွေများ ကြူးချင်ရင် ကြူးချလိုက်တာပဲ..ဘာကြီးနေ နေ...

ဝယ်ထားတဲ့ ပစ္စည်းတွေလဲ စုံသလောက်ဖြစ်နေပြီမို့ ပြန်ထွက်ခဲ့လိုက်သည်...ဝယ်သာ ဝယ်ရတာ Mr.ဝမ်ကြီးက သူ့သားတွေကို ဆင်ချင်ပါ့မလားပဲ..လူချမ်းသာတွေ စီစာကြောင်လိုက်ကြပုံများ...ဟိုဟာမှလေး ဒီဟာမှလေးနဲ့...အတူတူပဲကို..

ဆိုင်အပြင် ရောက်သည်နဲ့ ဝမ်းဗိုက်က ဆန္ဒပြလာသည်... နာရီကိုကြည့်မိတော့ ဆယ့်တစ်နာရီကျော်နေပြီ..မနက်စာ မစားပဲထွက်ခဲ့တာကြောင့်ဖြစ်မှာ..ချုံချင့်မပြန်ခင် ကလေးတွေအတွက် ဝယ်ပေးခဲ့ချင်တာမို့ တစ်ယောက်ထဲ လာခဲ့ရတာ..
ခုတော့ တစ်ယောက်ထဲ မနိုင်မနင်း တွေဖြစ်ကုန်ပြီ...

ကားထဲကို ပစ္စည်းတွေ နေရာချပြီးတော့ စားသောက်ရန်အတွက်ု နေရာရှာရပြန်သည်...သူငယ်ချင်းတွေနဲ့ သွားလာခဲ့သမျှ ပြန်တွေးမိတော့ ပြုံးမိသည်က မဲ့ပြုံး...ခုတော့ တစ်ယောက်ထဲ...

အနီးနားမှာ တွေရတဲ့ ဆိုင်ကိုကြည့်မိတော့..လူစည်နေသည်မို့ ဆင်းခဲ့လိုက်သည်..လူစည်နေရင် အရသာ ကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်မလား...

ဆိုင်ထဲရောက်တော့ မတရားပြည့်နေတဲ့လူတွေကြောင့် မျက်လုံးပြူးရပြန်သည်..အလကားများ ကျွေးနေတာလားဟ...ထိုင်စရာ ရှာကြည့်လိုက်တော့ တစ်ဝိုင်းသာလွတ်တော့သည်...ဒီနေ့အတွက် ရှန်ဟိုင်းက အစးအစာကို နောက်ဆုံး စားခြင်းမို့....

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now