23

2.1K 140 7
                                    

Uni

မနက်ကတည်းက အမှာပါးနေတာ ရှောင်းကားပေါ် တက်တော့မဲ့ အချိန်ထိ သူ့မှာ ပြောလို့မပြီးနိုင်...ဖိုးက ​နေလို့မကောင်းဘူးဆိုတာကြောင့် ချုံ့ချင့်ပြန်ရန်ဖြစ်လာသည်....
မနေ့မနက် ချုံ့ချင့်မှဖုန်းဝင်လာပြီးကတည်းက သူ့မှာ ပြောလို့မပြီး...သူငယ်ချင်းတွေပါ ရှိနေတော့ မလိုက်နိုင်တာကို အားနာနေပုံရသည့်မောင့်မျက်နှာက မကြည်မလင်....

စားဖို့ အိပ်ဖို့တွေကအစ မှာနေတာ တစ်နေ့နဲ့ တစ်ည...ရှောင်းကိုတော့ ဂရုစိုက်ဖို့မှာပြီး သူကတော့ ဖြစ်သလိုနေတော့မှာ တွေးမိပြန်တော့ မျက်နှာကိုရှုံ့မဲ့ပြစ်လိုက်သည်...
သူ့များကို ပဲစိတ်ပူနေတာ သူ့ကျတော့ ဖြစ်သလိုနေတာမလား..ရှောင်း မရှိရင် ပိုတောင်ဆိုးသေးတာ...

  " ဖိုးကိုပဲ ဂရုစိုက်မနေနဲ့ဦး..ကိုယ့်ကိုကိုယ်လဲ ဂရုစိုက်ဖို့သတိရ...မောင်ပြောတာနားလည်လား.."

  " နားလည်ပါတယ် မောင်ရယ်...စိတ်ချပါ.. ငါ ငယ်ငယ်လေးကတည်းက နေလာတဲ့နေရာပဲ.ပူစရာမရှိပါဘူး.."

  " မောင် တကယ်စိတ်မချဘူး.."

  " ဟောဗျာ..စိတ်ချပါဆို.."

  " အလုပ်များနေလို့ကွာ..ပြီးတော့ ဟို​ကောင်တွေလဲ ရှိနေလို့..မဟုတ်ရင်လိုက်တယ်..ဒါမှမဟုတ် လိုက်ပို့ပြီး ပြန်လာရမလား.."

  " ပေါက်ကရ မောင်ရာ...နီးနီးနားနား လေးလဲ မဟုတ်တာကို..စိတ်ချပါဆို..ဖန်ရှင်းကို ခေါ်သွားမှာပဲ.."

  " ခေါ်သွားတာက ခေါ်သွားတာပဲ...ဒါနဲ့..မနေ့ညက အဝတ်တွေထည့်နေတုန်းက ဘာလို့မောင့် အင်္ကျီ တွေထည့်နေတာလဲ.. မောင့်ကိုပါခေါ်မယ်ထင်တာ.."

  " လွမ်းရင် ဝတ်ထားမလို့လေ..ဘာလဲ ဝတ်လို့မရဘူးလား.."

  " မဟုတ်ရပါဘူးဗျာ... ဝတ်ပါဗျ..အနီရောင်သရဲ လေးက အစိမ်းရောင်တွေယူဝတ်နေတော့ အံ့သြလို့ပါ..."

  " ဟွန့်...ဒါပဲ သွားတော့မယ် နောက်ကျနေတော့မယ်.."

  " ဂရုစိုက်နော် ရှောင်း..မောင့်ကို ဖုန်းခေါ်ဦး ရောက်ရင်..ကြားလား.."

  " ဟုတ်ပါပြီ...မွ..သွားပြီမောင်.."

  " ဖန်ရှင်း ဂရုစိုက်.."

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now