2

2.3K 141 1
                                    



Uni




နှင်းငွေ့ အနည်းငယ်ကျန်နေသေးသည့် မနက်ခင်းက အေးစိ့မ်စိမ့်... အအေးဓာတ် ဆိုတာကြီးကို လုံးဝမကြိုက်သူအဖို့ ဒီအရပ်ဒီဒေသက ငရဲနဲ့ပင်တူသည်...သောက်ကျိုးနည်း ကြီးပဲ...ဘာလို့ ဒီနေရာ ဒီမြို့မှာ မှ ခြံမြေလိုချင်ရသလဲ မပြောတတ်......

ဖိုးကြီးတို့ လုပ်လိုက်ရင် အဆန်းတွေချည်း...ငယ်ချစ်ရှိတဲ့ နေရာမို့လားလို့ တွေးကြည့်ရအောင်လဲ... ဖိုးဖိုးဝမ်တို့က တစ်လင်တစ်မယား စနစ်နဲ့ နေတဲ့သူ...
အဖိုးကောင်းမှု့နဲ့ ဝမ်ရိပေါ် ရောက်နေရတာက တောင်ပေါ်မြို့ တစ်မြို့ဖြစ်တဲ့ ချုံချင့်မြို့.....

အေးချက်ကလဲ ရက်စက်...အပေါ်စီး ကို အထပ်ထပ်ဝတ်တာတောင်မှ မနွေးနိုင်..တော်ပါသေးရဲ့ နွေဦးရာသီ ရောက်လုနေပြီမို့...ဆောင်းလယ်ဆိုရင်တော့ မလွယ်....

" CEO နိုးပါပြီလား.."

" ဝင်ခဲ့.. "

Wang Group ရဲ့ CEO ဝမ်ရိပေါ်...ဥက္ကဠကြီးဝမ်ရဲ့ တစ်ဦးတည်းသောမြေး...တရုတ်မှာ ဝမ်မိသားစုကို မသိသူမရှိအောင်..ကြီးကျယ်ခမ်းနားလှပါသည်...ရိပေါ် အလယ်တန်းလောက်မှာ မိခင်ဖြစ်သူ ဝမ်အိမ်တော်ရဲ့ ချွေးမ ဆုံးပါးခဲ့သည်.....ဘယ်အချိန်ကတည်းက..ငယ်ချစ်နဲ့ ပေါင်းချင်နေသည် မသိတဲ့ ဖခင်ကတော့..မား ဆုံးပြီး နှစ်လအကြာမှာပင် နောက်အိမ်ထောင်ပြုခဲ့သည်...

မဆန့်ကျင်ခဲ့သလို မထောက်ခံခဲ့သူက ရိပေါ်.....လုပ်ချင် တာရှိရင်လုပ်လိုက်ရမှ ကျေနပ်သူမို့...သူများကိုလဲ မတားချင်....ကိုယ်လုပ်နေရင်လဲ လာမတားနဲ့...ရိပေါ်တို့က စကားကိုနှစ်ခါမပြောဘူး...

" ရေနွေးစပ်ပြီးပါပြီ...ရေချိုးတော့မလား..."

" အင်း...ဒါနဲ့ "

" ဟုတ်ကဲ့ "

" ဒီမြို့ ဘာလို့ဒီလောက်အေး နေရတာလဲ သွားစုံစမ်းခဲ့ "

"....! "

ပြောပြီးသည်နှင့်အိပ်ယာမှ ထကာ ရေချိုးခန်းထဲ ကို ထဝင်သွားသူက CEO ဝမ်ရိပေါ်...
ကြံကြံဖန်ဖန် ခိုင်လဲ ခိုင်းတတ်တဲ့ မြေးအဖိုး.....အဖိုးလုပ်သူက မြေးကိုအပြစ်ပေးလျှင် မလုပ်ချင်တဲ့အလုပ် မသွားချင်တဲ့နေရာ...ဒီလိုကြံဖန်ခိုင်းတာ...ခုလည်း အအေးကြောက်သူကို တောင်ပေါ်ပို့လိုက်တာပဲကြည့်....

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now