အလှပြင်နေတဲ့
အ​မေနဲ့မလတ်​ဘေးမှာ ဝင်ထိုင်ပြီး
အ​​မေ့ကို တကြည့်ကြည့်
လုပ်နေတဲ့ ဗျူဟာပိုင်။

"​ဆံထုံးပြီးပြီ။ပန်း​ခြွေပေး ဗျူဟာ
အစ်မကို"

"ဘယ်လိုလဲအ​ဖေ သမီးပြင်​ပေးထားတာ"

" မင်းတို့အ​မေက ဘယ်အချိန်ကြည့်
ကြည့် စိုးမြတ်သူဇာ ငယ်ငယ်တုန်းက
ထက်ကိုပိုလှတယ်"

"အ​ဖေအဲ့တာ​တော့ နည်းနည်းပိုသွား
ပြီထင်တယ်"

အိမ်တံခါးဝမှာ
ပုဆိုးကိုပြင်ဝင်​နေတဲ့အ​ဖေ့ကို
မလတ်က ပြန်စချိန်။

"ဦး​လေး​ပြောတာမှန်​နေတာပဲ​"

​ဘေးမှာထိုင်​နေရင်း
အ​မေ့ကိုကြည့်ရင်း ​ပြော​လာတဲ့
ဗျူဟာပိုင်ဆီကို အကုန်လုံးက အကြည့်ရောက်သွားရသည်။

"​ဒေါ်​လေးက တစ်ကယ်လှတယ်"

"ဒီ​ကောင်​လေး စကားတတ်သားဟ။
မင်းအ​မေကို​ရော အဲ့ဒီလိုကပ်ချွဲ​နေ
ကြပဲလား"

အဖေ့ကိုပြုံးပြရင်းသာ ဘာမှပြန်မ
ပြောတဲ့ဗျူဟာပိုင်။ ခပ်မြန်မြန်ပင်
သူလူစုကွဲဖို့လုပ်ရ​တော့သည်။

"ရှစ်နာရီထိုး​တော့မယ် အ​​ဖေကား
စက်နှိုး​တော့ မလတ်မြန်မြန်ပြင်"

"​အေး​အေး ပြီးပြီ"

"​မောင်​လေး​တွေ အိမ်မှာနေနော်။
အပြင်သွားမယ်ဆိုရင် တံခါး​သေချာပိတ်သွား။မလတ်တို့ ညနေလောက်မှ
ပြန်ရောက်မယ်ထင်တယ်"

" အ​မေတို့သွားပြီ​နော် သားတို့။
ထမင်းဟင်း​တွေညမနက်စာအကုန်
ချက်ထားတယ် ဗိုက်ဆာတာနဲ့ထည့်
စားကြ။အိမ်ကိုစိတ်ချမယ်​နော်"

သူ့အ​ဖေနဲ့အ​မေစကား​ရပ်ပြော​နေ
တာကအစ ကားပေါ်တက်သွားတဲ့
အဆုံးထိကို တံခါးဝမှာရပ်ပြီး ကြည့်
နေတာ။

အခုမှပင်မဟုတ် သတိထားမိသလောက် အိမ်ကိုရောက်လာထဲက အ​ဖေအ​မေ့ကို
ဘာ​ပြော​ပြော ​ငေး​နေသလို အ​ဖေနဲ့
အ​မေအတူရှိ​နေကြရင်ကို မိဘ​တွေ
ကြည်နူး​ပျော်ရွှင်​နေတာကိုအခုမှမြင်ဖူး
တဲ့က​လေးလို လှမ်းကြည့်​နေတတ်သည်။

The First He GlaredWhere stories live. Discover now