စုလင်း တင်ပျဥ်ခွေထိုင်လိုက်ပြီး ကုလီဟန်ကို ကြည့်ကာ

"ကျွန်​တော် ​ပြောတာ မှန်တယ်မလား?"

ကုလီဟန် အက်ရှရှ အနိမ့်သံဖြင့် အမ်းဟုအသံပြုသည်။

စုလင်း မျက်ဝန်းများကို ​မှေးကျဥ်းကာ ကုလီဟန်အနားသို့ ပိုတိုးကပ်လာပြီး

"ကျွန်​တော့်ကို တစ်သက်တာ အမှတ်အသား မ​ပေးချင်ဘူးလားဟင်?

ကုလီဟန်ရဲ့ ပါးနှင့်​မေးရိုးများ ​တောင့်တင်း​နေပြီး အမူအရာကလည်း တင်းမာ​နေသည်။

စုလင်း ကုလီဟန်ရဲ့ လည်ပင်း​ဘေးဘက်ကို အသာထိကာ

"ဆို​တော့ ခင်ဗျားက အပြည့်အဝ မသက်သာခင်အထိ ကျွန်​တော့်ကို လက်ထပ်ဖို့ မရည်ရွယ်ထားသလို တစ်သက်တာ အမှတ်အသားလည်း မ​ပေးဘူး​ပေါ့?"

ကုလီဟန်ရဲ့ လည်​​စေ့ထင်းထင်းက အထက်​အောက်​ရွေ့လျားသွားပြီး သူ့ဂလန်း​တွေဆီ ခပ်ဖွဖွ​ ရွေ့လျား​နေသည့်လက်ကို ဖမ်းဆွဲလိုက်သည်။

သူစကား​ပြောလိုက်စဥ်မှာ သူ့အသံက နိမ့်ပြီး အက်ရှ​နေခဲ့သည်။

"တကယ်လို့ ကိုယ် မင်းကို တစ်သက်တာ အမှတ်သား​ပေးလိုက်ပြီဆိုရင် မင်းက အလုံးစုံ၊ အပြည့်အဝ ကိုယ့်အ​ပေါ် မှီခိုလာလိမ့်မယ်။ ပြီး​တော့ ကိုယ်ကလည်း မင်း​အ​ပေါ် အရူးအမူးနဲ့ ထိန်းချုပ်ဖို့ ကြိုးစားလာလိမ့်မယ်။ ကိုယ့်အမှတ်အသားကို အတင်းအကြပ်၊ဖိအား​ပေး ဖျက်မပစ်မချင်း မင်းက ကိုယ်နဲ့ပဲ ရှိနိုင်လိမ့်မယ်။ တစ်သက်တာအမှတ်အသားဖျက်တာက အရမ်းကို နာကျင်လိမ့်မယ်"

ကုလီဟန်ရဲ့စကားလုံး​တွေက သူ့ရဲ့ ညို့ငင်နိုင်သည့် သံလိုက်လိုအသံနှင့် ​ပေါင်းလိုက်​သည့်အခါ စုလင်း နှလုံးခုန်သံ​တွေ မှားလာရသည်။ စုလင်း ကုလီဟန်၏ အ​လေးအနက်ဖြစ်​နေသည့်ဟန် မျက်လုံးများနှင့် ၂စက္ကန့်​လောက် အကြည့်ချင်းစုံပြီးမှ ​ပြုံးရင်း နောက်ကိုပြန်ဆုတ်လိုက်သည်။

"ခင်ဗျားစကား​တွေ နား​ထောင်လိုက်​တော့ ခံစားရတာက ကျွန်​တော်တကယ်ပဲ ခင်ဗျား အမှတ်အသား​ပေးတာ ခံချင်တယ်"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now