Chapter - 4 (U+Z)

14.5K 2.1K 115
                                    

//UNICODE//

အခန်း-၄ (နတ်ဘုရား)

စုလင်း ​အ​ပေါ်ယံတွင် သဘာဝကျကျ​လေး ပြုံးထား​သော်လည်း သူ့နှလုံးသားထဲတွင်​တော့ အနည်းငယ်ရှက်ရွံလျက်ရှိသည်။ ​လေထုထဲရှိ စွဲမက်ဖွယ် ​မွှေးရနံ့က ​ဆေးရုံမှာ စုလင်းသူ့ရဲ့ကိုယ်ပိုင် pheromoneအနံ့ကို မကြိုက်​ကြောင်း ပြမိတဲ့ မြင်ကွင်းကို ပြန်​မြင်​​ယောင်လာ​စေသည်။

သူရဲ့သဘာဝကျလှတဲ့ နှုတ်ခွန်းဆက်စကား​ကြောင့် နာလူး အံ့သြသွားသည်။

"ဥက္ကဋ္ဌကုနဲ့ သိ​နေတာလား?"

စုလင်းက ဥက္ကဋ္ဌကုကို သိတယ်ဆိုတာ မဆန်းလှ​ပေ။ ထူးဆန်း​နေတာက သူ့​လေသံဖြစ်သည်။

စုလင်းရဲ့အပြုံးက ပို၍ပင် နက်ရှိုင်းလာသည်။

တိုက်ဆိုင်လိုက်တာ။ ဒီလူက သူ့စိတ်ကူးယဥ်နတ်ဘုရားနဲ့ အရမ်း​ချောတာချင်းတူရုံမကဘူး။မျိုးရိုးနာမည်ပါတူ​နေတယ်။

"ကျွန်​တော်တို့ ဆေးရုံမှာ တွေ့ဖူးတယ်"

စုလင်းက နာလူး ကိုရှင်းပြပြီး ထိုလူကို ကြည့်လိုက်သည်။

ကုလီဟန် အခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ သူရဲ့သက်တော်စောင့်များသည် တံခါးအပြင်ဘက်တွင် ရပ်​နေခဲ့ပြီး VIP အခန်းတံခါးကိုပိတ်​ပေးလိုက်သည်။

“ကိုယ်က ဖြတ်သွားတာ၊ ပြီးတော့ ဆူးနီ​ဘောလုံးပင်ရဲ့အနံ့ကို ရလိုက်လို့”

သူက အကာအကွယ်​သေတ္တာရဲ့ အလယ်ရှိ စိတ်ဝိညာဉ်အပင်ကို ညွှန်ပြသည်။ သူက စုလင်း ကိုကြည့်ပြီး

"ကိုယ် ဒီအပင်ကို ​ဝယ်ချင်တယ်။ ​စျေးမြင့်မြင့် ပေးပါ့မယ်"

ကုလီဟန် ညွှန်ပြတဲ့အတိုင်း စုလင်း ဆူးနီ​ဘောလုံးပင်ကို ကြည့်လိုက်သည်။ ထိုအပင်က ရုတ်တရက် ကြည့်လိုက်ရင် ပူ​ဖောင်းအစည်းလိုက်ကြီးနှင့်တူသည်။ အပင်​ရဲ့ ​အောက်​ခြေမှာ ရှည်​​မျော​မျောအကိုင်း​တွေ အများကြီးရှိ​ပြီး အကိုင်းတစ်ခုစီရဲ့ ထိပ်ဖျားတွင် ​တောက်ပ​သော အနီ​ရောင် ​ဘောလုံး တစ်လုံးစီရှိ​နေသည်။ ​ဘောလုံး​လေးများသည် ​ဖောက်ထွင်းမြင်​နေရပြီး ​ပျော့​ပျော့​​​ပျောင်း​ပျောင်းနဲ့ ကျုံနိုင်ဆန့်နိုင်ပုံရသည်။ ဘောလုံးရဲ့မျက်နှာပြင်တွင် မရေမတွက်နိုင်သောအ​မွှေးနုနု အမျှင်​လေးများရှိသည်။ တချက်တချက် အ​ရောင်လဲ့သွားတဲ့ အချိန်တိုင်း အ​မွှေးနုနု​လေး​တွေက ​လေထဲမှာ ​မျောလွင့်​နေသည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now