Chapter - 42.2 (U+Z)

10.8K 2K 61
                                    

//UNICODE//

အခန်း 42 - နားလည်မှုလွဲမှားခြင်း 2

ပုလဲသွယ်ပင်ပျိုနဲ့ ​ရွှေမှုန်ကျဲပန်းပင်တို့ဟာ အရင်နဲ့စာလျှင် ပိုတည်ငြိမ်လာကြသည်။ ရှန်းမိုယွီနှင့် တစ်ခန်းတည်း အတူရှိ​နေသော်လည်း သူတို့ရဲ့ အပွင့်များနှင့် သစ်ရွက်များ တုန်ရီမ​နေ​တော့ပေ။ သူတို့က အကိုင်း​တွေကို ​ကွေးပြီး ရှန်းမိုယွီနှင့် ​ဝေးကွာရန်သာ ကြိုးစားကြသည်။ စုလင်း ဤမြင်ကွင်းသည် သူ့အတွက် အလွန်ရင်းနှီးသောကြောင့် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူ pheromone အနံ့ဆိုးများ ရှိနေသေးချိန်က စိတ်ဝိညာဉ်အပင်များအားလုံးသည် ဤကဲ့သို့ ပြုမူကြသည်။ သို့သော် ရှန်းမိုယွီက​တော့ ယခု မွှေး​နေတာ​တောင် အပင်များက ဤသို့ပြုမူသောကြောင့် ပိုဆိုးသည်။ ရှန်းမိုယွီရဲ့ အမြစ်များသည် ရှည်လျားပြီး လိုက်လျောညီထွေရှိကာ ဤအခန်းရှိ မည်သည့်နေရာသို့မဆို ရောက်ရှိနိုင်သောကြောင့် ထိုအပင်နှစ်ပင်၏ ဝေးကွာရန် လုပ်ဆောင်မှုသည် လုံးဝ အသုံးမဝင်ပေ။

စုလင်း အပင်နှစ်ပင်နှင့် အနည်းငယ်ကစားပြီး ရှန်းမိုယွီကိုလည်း ခဏတာအချိန်ပေးခဲ့သည်။ ရှန်းမိုယွီကို မိမိသူငယ်ချင်းများကို မထိခိုက်စေရန် သတိပေးပြီးနောက် စိတ်ဝိညာဉ်ပင်အခန်းမှ ပြန်ထွက်လာခဲ့သည်။ မာစတာအိပ်ခန်းသို့ သွားကာ အိပ်ရာပြင်ပြီး အခင်းများ ခင်းလိုက်သည်။ ထို့​နောက် ဗီရိုကို သုတ်လိုက်ပြီး ပတ်ပတ်လည်ကို တစ်ချက် ကြည့်ကာ ကိုယ်လုံးပေါ်မှန်နှင့် ဆိုဖာရဲ့အနေအထားကို နည်းနည်းပြင်လိုက်သည်။ စုလင်း ဗီရိုကိုလည်း ​နေရာပြင်ချင်ပေမယ့် ပြင်ဖို့ခွန်အား မရှိ​တော့​ချေ။ နောက်ဆုံးတော့ သူ့အကြိုက်နဲ့ကိုက်ညီမယ့် အိပ်ခန်းကို စီစဉ်နိုင်ပြီီးတဲ့​နောက်မှာ မောပန်းနွမ်းနယ်ပြီး မလှုပ်ချင်တော့ပါ​ချေ။ Omegaတစ်ဦးရဲ့ ကာယကြံ့ခိုင်မှုမှာ အလွန်ကြောက်စရာကောင်းလှ​ပေသည်။ စုလင်း ညအိပ်ဝတ်စုံကို ​ရေချိုးခန်းထဲယူသွားရင်း သူ့ရဲ့နေ့စဉ်အချိန်ဇယားတွင် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကို စိတ်ကူးဖြင့် ​ပေါင်းထည့်လိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now