အင်္ကျီစ (11)

18 2 0
                                    

"ဝုန်း!...."

တံခါးပိတ်ကာ အမြန်ထွက်သွားသည့် ထိုကောင်လေးကိုကြည့်ကာ "ဘုန်းအဏ္ဏဝါဇုန်" သက်ပြင်းချလိုက်သည်။ နောက်ဆက်တွဲကို သူဘယ်လိုလုပ်ရမလဲ။ ထိုကောင်လေးက မိဘတွေမရှိတော့တာကိုသိပြီး သူ့အုပ်ထိန်းမှုအောက်မှာရှိနေတာ 2နှစ်လောက်ရှိနေချေပြီး။

"Boss... သခင်လေးက အိမ်မှာတစ်ယောက်တည်းရှိနေပါတယ်..."

အတွင်းရေးမှူးဖြစ်သူဆီမှ တိုးတိုးလေးဆိုလာသည်‌ကြောင့် ဖန်ခွက်ကိုချပြီး အရှေ့ဘက်ကိုဝေ့ဝဲကြည့်လိုက်သည်။ အဆင်မြင့် ဘားတစ်ခုဖြစ်တာမို့ သူအထူးဂရုပြု စိုက်ကြည့်ရပေမည်။ တစ်ချက်လွှတ်တာနဲ့ ပြာကျသွားနိုင်သည့်အခြေအနေတွေက သပ်သက်ကိုရှိသည်။

"......"

သူ့ကို အကဲခတ်နေသူတွေရှိသလို လုံခြုံရေးလည်းတင်းကြပ်ထားသည်မို့ ဘာမှဖြစ်ပေါ်နိုင်မည်တော့မဟုတ်ပေ။
ထို့ကြောင့် အဖြူရောင်ပုဝါလေးကို အသာခေါက်ပြီး စာပွဲပေါ်သေသပ်စွာတင်ထားလိုက်သည်။

"ဖုန်းခေါ်ပေးရမလား....."

"ခေါ်လိုက်...."

ပြောရမယ်ဆိုရင် သူ့ညီနဲ့ပတ်သတ်လာရင် ဆတ်ဆတ်ထိခံနိုင်မည်မဟုတ်။ သူ့ညီကို သူက သိပ်ချစ်တာလေ ။

"Boss... မကိုင်ဘူး...."

"ဖုန်းပေး..... ကားပြင်ထား အိမ်ကိုချက်ချင်းပြန်မယ်..."

"Boss အိမ်ပြန်ဦးမှာလား?..."

အိမ်မပြန်လိုသည့် သူဟာ သူ့ညီပြန်ရောက်နေသည်ဆိုသည့်သတင်းကိုကြားတဲ့ရက်တွေဆို အိမ်မှာ အမြဲရှိနေတတ်သည်။

"ပြန်မယ်... ဒီလောက်ကြီးတဲ့ အိမ်ကြီးထဲ "ကမ္ဘာ" ကို တစ်ယောက်တည်း ထားခဲ့စရာလား....သူအထီးကျန်နေလိမ့်မယ်..."

သူ့ညီအရှေ့မှာ သူက စည်းကမ်းကြီးပြီးကြောက်စရာကောင်းနေတယ်ဆိုပေမဲ့ သူ့ညီကိုတော့ သူတစ်ယောက်တည်းပစ်ထားမှာမဟုတ် ....။ သူ့ညီကို နောက်ကျောကနေ တိတ်တဆိတ်ပံ့ပိုးနေတတ်တာ သူ့အကျင့်တစ်ခု။

"ညီ"ဆိုသော နာမနှင့် ဖုန်းနံပါတ်လေးကို သူနိတ်ကာ ဆက်လိုက်မိသည်။ မကိုင်မှာကိုသိသိရက်နဲ့တောင် သူခေါ်နေတုန်းပင်။
သို့သော် ဒုတိယမြောက်ခေါ်ချက်တိုင်းကို သူ ညီ ကိုင်ကိုကိုင်ရမည်။

အင်္ကျီစWo Geschichten leben. Entdecke jetzt