အင်္ကျီစ (2)

58 5 0
                                    

တဖွဲဖွဲကျနေသော မိုးရေစက်တွေကြောင့် ညရှုခင်းက ငြိမ်သက်လှပနေသည်။မြေသင်းရနံ့ကိုသယ်ဆောင်လာသောလေညင်းတွေကြောင့် ပေါ့ပါးလန်းဆန်းစေမှာအမှန်ပင်။စိုရွဲနေသော ပေတစ်ရာလမ်းမပေါ်မှာထီးကလေးမိုးပြီးဖြတ်သွားသည့်လူတွေမှပြည့်နှက်လို့။ အေးစက်သည့်မိုးရေကိုမထိတွေ့ဖို့ ထီးဆောင်းထားကြသော်လည်း လူတစ်ဦးမှာတော့ လမ်းဘေးတွင်အခန့်သားထိုင်နေသည်တဲ့။ စိုရွဲနေသော အနက်ရောင်ဆံသားနှင့် လမ်းကိုသာကြည့်နေသော မျက်ဝန်း။စိတ်ပျက်လက်ပျက်ထိုင်နေပုံက လူကဲ့ရဲ့ချင်စရာပင်။ သို့သော်ဘာကြောင့်လဲဆိုတာကိုတော့သူတို့သိမည်မထင်ပေ။

"......."

မျက်နှာကညိုမည်းဒဏ်ရာတွေနှင့်ထိုလူဟာ လူရမ်းကားတစ်ယောက်တော့မဟုတ်။ 16 နှစ်မှစ၍ ယခုအသက် 25 နှစ်အထိအလုပ်ကိုဘဲကြိုးစားပန်းစားလုပ်ကိုင်ခဲ့သည့် "အချစ်မိုင်း" ပင်ဖြစ်သည်။
သူအရိုက်ခံရတဲ့အချိန်တိုင်းထိုနေရာကိုအမြဲလာတတ်သည်။ အကြောင်းက ဘာကြောင့်အရိုက်ခံရလဲဆိုတဲ့အဖြေကိုရှာဖွေဖို့။ သို့သော် နှစ်သာကုန်လာသည် သူ ဘာအဖြေမှပြန်မရခဲ့ပေ။ တကယ်ဘဲ ဒီလိုဖြစ်လာဖို့မွေးဖွားလာတာလား သိချင်မိသည်။

"ဟေ့!.. ခင်ဗျား အဆင်ပြေရဲ့လား?.."

"......."

သူ့မျက်ဝန်းရှေ့ပေါ်လာသော အနက်ရောင်သားရည်ဖိနပ်တစ်စုံ။ကြည့်လိုက်သည့်နှင့်အထက်တန်းစားကလူဖြစ်မည်မှန်းတန်းသိလိုက်သည်။ထို့အပြင်နားဝင်ချိုသည့်အသံပိုင်ရှင်မျိုး...။

"ဆေးခန်းမသွားဘူးလာ...အတော်ယောင်နေပြီးလေ.."

အနက်ရောင်ထီနှင့်မိမိရှေ့တိုးလာသည့်အခါ 'အချစ်မိုင်း' မော့ကြည့်လိုက်သည်။အနက်ရောင်ဆံသားရှည်ဟာပုခုံးပေါ်ဝဲကျနေခဲ့ပြီးအပေါ်ပိုင်းကိုတော့စည်းထားပုံပေါ်သည်။ယောင်္ကျားဆန်ကာခန့်ညားသည့်အမျိုးသားတစ်ဦးပင်။

"ဒီထပ် ကြည့်ရဆိုးမလာခင်ဆေးထည့်တာကောင်းလိမ့်မယ် "

"ဒီအတိုင်းသွားလိုက်ပါ..တခြားသူတွေလိုဂရုမစိုက်ဘဲနဲ့.."

ဖြူလွလွပုဝါးနှင့်ရှည်လျားသည့်လက်လေးမှာလေပေါ်တွင်ရပ်တန်းသွားရသည်။ထိုလူကတခဏမျှတိတ်ဆိတ်သွားပြီးပုံမကျသောနှုတ်ခမ်းပါးကပြုံးရယ်လာခဲ့သည်။သေချာသလောက်သူ့စကားမှာရယ်စရာမှမပါဘဲ...။

အင်္ကျီစWhere stories live. Discover now