"ဟူး!!..."
ဆေးလိပ်ငွေ့တွေက ကားထဲကနေတစ်ဆင့် အပြင်ကိုတိုးထွက်လွင့်စင်သွားသည်။ ကားတံခါးဖွင့်ကာ ထိုင်နေသော အမျိုးသားတစ်ဦးကြောင့် ဖြတ်သွားဖြတ်လာတစ်ချို့က လှမ်းကြည့်လှမ်းကြည့်နှင့် ခပ်တိုးတိုးပြောနေကြသည်။ ချောမောသောရုပ်ရှည်နှင့် မြေပေါ်ချထားသော ရှည်လျားသည့်ခြေတံကြောင့် အမျိုးသမီးတို့အကြိုက်ပုံစံပင်။ နဖူးပေါ်ကျနေသော ခပ်ဖြောင့်ဖြောင့်ဆံသားအောက်မှ မျက်ဝန်းညိုကတော့ စိတ်ပျက်လက်ပျက်ဖြစ်နေပုံ။
ထိုနေရာနှင့်မအက်စပ်သည့်သူ့အနေဖြင့် ဘာလို့ဒီကိုရောက်နေရသနည်း။ ညနေဆည်းဆာအလှကိုခံစားဖို့ သူအချိန်မဖြုန်းနိုင်ပေ။ သို့သော် တစ်စုံတစ်ခုသောအကြောင်းကြောင့် အလုပ်ကိုဖယ်ထားပြီး တစ်ကူးတကလာနေရခြင်းဖြစ်သည်။"ငါဘာလို့ဒီလောက်ထိ... ဒုက္ခခံနေရတာလဲ..."
အနက်ရောင်တွေကြား နီရဲရဲမီးစကိုကြည့်ရင်း သူတိုးတိုးရေရွတ်လိုက်သည်။ ဒီမေးခွန်းအတွက် သူ့ဆီမှာအဖြေအတိအကျရှိနေသည်။ သူတစ်ယောက်တည်းသာသိတဲ့အကြောင်းအရင်းတစ်ခုပေါ့။
ခပ်ဝါဝါဆည်းဆာအောက်ကိုဝေ့ဝဲကြည့်လိုက်သည့်အခါ တွန့်ချိုထားသောမျက်ခုံးတို့ပြေလျော့သွားရသည်။ ရှေ့ဘက်ခပ်လှမ်းလှမ်းမှ ပုံရိပ်တစ်ခုက စိတ်ပျက်မှုတစ်ချို့နှင့် တရွေ့ရွေ့လျှောက်လှမ်းနေလို့ရယ်။"အဟက်.... လိုက်ဖက်သားဘဲ..."
အညိုအမည်းတွေစွဲကပ်နေသော မျက်နှာဖြူဖြူကို သူသဘောကျစွာရယ်ရင်း ရေရွတ်ပြန်သည်။ ဆေးလိပ်ကိုမြေပေါ်ချကာနင်းခြေလိုက်ပြီး ခပ်မဲ့မဲ့ပြုံးလို့ ထိုပုံရိပ်ရှိရာဦးတည်တော့သည်။
"လူကြီးဖြစ်ပြီး အမြဲရန်ဖြစ်နေတာလား တွေ့လိုက်တိုင်း ဒဏ်ရာတွေနဲ့ဘဲဗျာ..."
"!!!?...."
မျက်မှောင်ကြုတ်ကာ စိုးရိမ်ရိပ်ဖြင့်ပြောလာသောထိုကောင်လေးအား "အချစ်မိုင်း" လျစ်လျှူရှုလိုက်သည်။ သူ့ခန္ဓာကိုယ်ကိုအတော်ထိခိုက်ထားတာမို့ လမ်းကြာကြာလျှောက်နိုင်တော့မှာမဟုတ်မှန်းသိသည်။ ထို့ကြောင့် သူ့အသိတွေဆီ အမြန်သွားရမည်။ လမ်းပေါ်မှာတော့ သူလှဲမကျချင်တာအမှန်ပင်။
YOU ARE READING
အင်္ကျီစ
General Fiction"ဘယ်လောက်လဲ" "ဘာ!.." "ကျုပ်က ဆန္ဒတွေကိုလိုက်ဖြည့်ဆည်းပေးနေတဲ့သူပါ ခင်ဗျားကိုဘယ်လောက်ငှားရမလဲ " "......." ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။