အင်္ကျီစ (10)

19 4 0
                                    

"ဒါ ... ဘယ်သူပေးတဲ့ လက်ဆောင်လဲ??...."

ကြက်သွေးရောင် လက်ဆောင်ဖာလေးကို ‌သူမြှောက်ရင်းတစ်ခန်းလုံးကြားအောင်ပြောလိုက်သည်။ Winner  အနေနှင့် လက်ဆောင်ရတာမထူးဆန်းပါသော်လည်း သူ့မွေးနေ့ကိုတော့ သူ့အနားကသူငယ်ချင်းတွေတောင်မသိနိုင်ပေ။ဆိုတော့ ထို မွေးနေ့ကဒ်နှင့် လက်ဆောင်ပစ္စည်းက ဘယ်သူပေးတာဖြစ်မည်နည်း။

"မှန်မှန်ပြောနော် .... "

သူ ငါ ဝင်ပြောချင်နေသည့် လူတစ်ချို့ကို သူစေ့စေ့ကြည့်ကာထပ်ပြောလိုက်သည်။ သူ့အ‌ကျင့်ကိုသိသူဆို ခေါင်းတောင်မမော့ရဲတော့....။

"မင်းလား?...."

တစ်တန်းပြီးတစ်တန်းသူလိုက်မေးနေပါသော်လည်း ဘယ်သူပစ္စည်းမှမဟုတ် အကုန်ခေါင်းခါကြသည်။ ဒါက ဘာအခြေအနေလဲ ။

"ဟေ့.... မင်းရောသိလား?.. ဘယ်သူလာထားထားတာလဲ...."

သူ့ဘေးက "အညာမှူး" ကို မေးတော့ ထပ်ပြီးခေါင်းခါလာသည်။ ပြောရမယ်ဆို "အညာမှူး" က နည်းနည်းတော့ .. သံသယဝင်စရာကောင်းတယ်မလား...။

"မင်းမဟုတ်ဘူးလား...."

သူကပ်ပြီးမေးတော့ စာရေးနေရာမှ လှည့်ကြည့်လာသည်။

"မင်းဖွင့်ကြည့်လေ..."

"....."

ကြက်သွေးရောင် လက်ဆောင်ဘူးလေးကို သူအသာလေးဖွင့်ကြည့်လိုက်တော့သည်။

"အော်... ငါ့အကြိုက်ခွက်လေးပါလား...."

"......."

ခွက်လေးကို သေချာကြည့်မိတော့ တကယ့် brand အစစ်ပင်။ ဒီလောက်ဈေးကြီးတဲ့ခွက်ကို ဘယ်သူကပေးတာလဲ ....။

"အဲ့လိုခွက်မျိုးငါပေးနိုင်မယ်ထင်လား...."

"မင်းလိုငမွဲက ဘယ်ဝယ်နိုင်ပါ့မလဲ.... ကျစ်... ဘယ်သူပေးတာဖြစ်မလဲ...."

"အညာမှူး" ကြောင့်ခွက်ကွဲသွားတယ်ဆိုပေမဲ့ သူပြန်လျော်ပေးမယ်ဆိုရင်တောင် ခွက်ရဲ့တစ်ဝက်လောက်တောင်လျော်နိုင်မည်မဟုတ်။

"မင်းဝယ်ရင်လည်းဝယ်နိုင်မှာပေါ့ .. မင်းခန္ဓာကိုယ်ကိုရောင်းခဲ့ရင် ..  မဟုတ်လည်း စပွန်ဆာတွေဘာတွေရှိရင်တော့...."

အင်္ကျီစWhere stories live. Discover now