အင်္ကျီစ (6)

22 4 0
                                    

"ပြန်လည်ကြိုဆိုပါတယ်..."

ကျယ်ပြန့်သော တိုက်ကွန်ဒိုထဲဝင်လိုက်သည်နှင့် နှုတ်ဆက်လာသော အစေခံတစ်ချို့ကိုမြင်ရပေလိမ့်မည်။

"ဘယ်မှာလဲ .. ကိတ်ရော..."

ကျောပိုးအိတ်ကို လက်လွှဲပေးလိုက်ပြီး Winner မေးလိုက်သည်။ သူဒီနေ့စိတ်ကောင်းဝင်နေသည်။ပျော်နေသည်။ ကောင်းကောင်းဖြတ်သန်းသည်။ အထူးနေ့မှာ သူမကောင်းတာတွေဘာမှမလုပ်ချင်ခဲ့ပေ။

"အဆင်သင့်ရှိနေပါတယ်သခင်လေး..."

အဖြေကိုသူသဘောတကျရှိသွားပြီး ရေချိုး အဝတ်အစားလဲဖို့ သူစိတ်အားထက်သန်နေသည်။ သူ့မွေးနေ့ကိတ်ကဘယ်လိုပုံစံရှိမလဲ စိတ်လှုပ်ရှားရင်းတွေးနေမိသည်။

" Happy birthday to me.. happy birthday to me...
Happy birthday  .. happy birthday  ... Happy birthday to ... Me...."

သွားဒက်တွေပေါ်သည်အထိ သူသီဆိုကာပြုံးပျော်နေသည်။ ဒီလိုအထူးနေ့မှာ  သူလိုချင်တာတစ်ခုတည်းရှိသည်။ အဲ့လိုတောင်းဆိုပိုင်ခွင့်ကလည်း ဒီလိုနေ့မှဘဲ ရတတ်တာမို့ သူပျော်သည်။

ပြင်ဆင်ပေးထားသော အဖြူရောင်အနောက်တိုင်းဝတ်စုံကို အသေအသပ်ဝတ်ဆင်လိုက်ပြီး အသေအချာဖြီးလိမ်းပြင်ဆင်နေသည်။ သူ့ဘဝအတွက်အရေးကြီးတဲ့အရာတွေရှေ့ရောက်နေမှာမို့ သူတောက်ပနေမှဖြစ်မည်။
ကိုယ်လုံးပေါ်မှန်ရှေ့ အသေအချာကြည့်လိုက်သည်။
အဝါရောင်ဆံသားတို့ကို ခန့်ညားစွာအကုန်သပ်တင်ထားလိုက်ပြီး ဝင်းဝါဖြူဖွေးသည့် မျက်နှာအသားရည်၊ ‌အကြောစိမ်းတို့အထင်းသားမြင်ရသော ဖြူဖွေးသည့် လက်ကောက်ဝတ်ပေါ် စိန်စီနာရီကိုပတ်လိုက်သည်။
အချိုးကျသောခန္ဓာကိုယ်နှင့် အနောက်တိုင်းသားနှင့်တူသော သူ့ကိုယ်ကို အတော်သဘောကျပါ၏။
တန်ဖိုးကြီး ရေမွှေးကိုအသာလေးဖျန်းလိုက်ပြီး သူပြုံးလိုက်သည်။

"Perfect..."

ဒီလောကမှာ သူလောက်ပြည့်စုံတဲ့သူရှိမှာမဟုတ်တော့ဘူး။ သူကသာ တစ်ဦးတည်းသော ပြည့်စုံသူ..။

"ဝိုး!!..."

သုံးထပ်လောက်ရှိသည့် ကိတ်မုန့်ကိုသူကြည့်ကာ အကျေနပ်ကြီးကျေနပ်နေသည်။ သူမကြိုက်ဘူးဆိုရင်တောင် သူ့မိဘတွေက ပြင်ဆင်ပေးတာမို့ သူသဘောကျပါသည်။
ဆိုဖာပေါ်သူထိုင်လိုက်ပြီး သူရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ သူ့မိဘတွေကိုသူတွေ့ချင်သည်။ မတွေ့ရတာအတော်ကြာပြီဖြစ်လို့ သူသိပ်ကိုလည်း လွမ်းလှပါသည်။
သူ ရင်ခုန်ခုန်ဖြင့်ပင် ဖုန်းကိုကိုင်ကာ အမြန်ခေါ်ဆိုလိုက်သည်။

အင်္ကျီစOpowieści tętniące życiem. Odkryj je teraz