အင်္ကျီစ (7)

24 5 0
                                    

"ကျစ်!!..."

များပြားလှသည့်စာရင်းဇယားတွေကိုကြည့်ရင်း သူခေါင်းရှုပ်နေသည်။ စိတ်မဝင်စားတဲ့ဘာသာရပ်တစ်ခုကို အတင်းသင်ခိုင်းနေတာက လူကိုနိတ်စက်နေတာဘဲမလား ။ ဒီအတိုင်း သူ့ကိုဘဲသတ်လိုက်ပါတော့လား ...။

"ဘုတ်!!.."

စာရွက်တွေကို ခုံပေါ် ပစ်တင်ပြီး သူထရပ်လိုက်သည်။ ဒါတွေကို သူလုပ်နေရင် တစ်နည်းနည်းနဲ့ရူးသွားမှာဘဲ ။ သူစိတ်ကြည်အောင်လုပ်ဖို့‌လိုတယ်လေ

လသာဆောင်ဘက်ကို လေညှင်းခံဖို့ ထွက်လာခဲ့လိုက်သည်။ သူတိတ်တဆိတ်လုပ်နေစရာမလိုသည့်အကြောင်းအရင်းက သူ့အိမ်မှာ အစ်ကို ရှိမနေဘူးလေ။ မဟုတ်ရင် ထိုင်ခုံနဲ့ညားတဲ့အထိကို ထိုင်နေရမှာ ...။

လေစိမ်းတွေပြင်းထန်စွာတိုက်နေသည့် ညအချိန်သည် 10 နာရီပင်ရှိဦးတော့မည်။ သူတို့တည်ရှိသောနေရာက မြစ်နှင့်နီးသည်မို့ ညဘက်တွေမှာ လေအတော်တိုက်သည်။

"??..."

သူ့အနံ့ခံအာရုံကိုဖမ်းစားထားသည့် စီးကရက်ရနံ့တစ်ခု ။ "ရိုင်း" မျက်မှောင်ကြုတ်ကာ ရှာဖွေကြည့်မိတော့ သူ့အိမ်ရှေ့ စိန်ချယ်ပင်တွေဘေးမှ လူတစ်ဦးကိုမြင်လိုက်ရသည်။ စီးကရက်အငွေ့တွေကို ဟန်ပါပါထုတ်လွှတ်နေသည့် ထိုလူ၏ မျက်ဝန်းဟာ တနည်းနည်းနှင့်အသက်မဲ့နေသလို ။
ထိုလူက သူတွေ့ခဲ့တဲ့ဒေါက်တာမှန်း တန်းရိပ်မိတာပေါ့လေ ....။

ဝါနေအောင်ပွင့်နေသည့်စိန်ချယ်ပင်ဘေးမှာ သူဘယ်အချိန်ထိရပ်နေပါလိမ့်။သူ့အရှေ့ရောက်နေတာတောင် မိမိကို မော့မကြည့်သည့် ထိုဒေါက်တာ ။

"ဈေးကြီးတယ်...."

"....."

ခပ်ပြာပြာဖြစ်နေသည့် နှုတ်ခမ်းပေါ် စီးကရက်ကို ထပ်တင်လိုက်သည်အထိ သူအသေးစိတ်ကြည့်နေမိမှန်း သူကိုယ်တိုင်တောင်မသိ။

"ကျုပ်အိမ်ကပန်းကို ကျုပ်ကြည့်ဖို့ဘဲစိုက်တာမို့လို့ ဒေါက်တာကြည့်ရင် အဖိုးအခတော့ပေးရမှာပေါ့..."

"မင်း ငါ့အရှေ့မှာ ငွေစကားလာပြောနေတာလား..."

အသက်မဲ့သည့်မျက်ဝန်းတစ်စုံက သူ့ကိုမော့ကြည့်လာခဲ့လေပြီး။ သူခန့်မှန်းခဲ့သလို ငွေရေးကြေးရေး မုန်းနေတဲ့သူကိုး ...။

အင်္ကျီစWhere stories live. Discover now