Chapter 29 - ရေအောက်ထဲမှအနမ်း

Start from the beginning
                                    

ရေခဲတမျှအေးစက်နေသောလက်ချောင်းထိပ်များက ကျိနင်းရဲ့မျက်နှာတစ်ဖက်ခြမ်းကို ပွတ်သပ်လာသည်။ မီးရောင်မှိန်ပျပျအောက်၌ တစ္ဆေ၏ထိတ်လန့်ဖွယ်အသွင်အပြင်က ကြည့်ဖို့ရာကြောက်စရာကောင်းလှ၏။

"မင်းကိုယ့်ကိုအိပ်မက်မက်နေတာကို အာရုံခံမိလို့ ကိုယ်လာကြည့်လိုက်တာ"

နန်းတော်ပတ်လည်ကိုကြည့်ပြီး‌ေနာက် လှပသည့်ကောင်လေးရဲ့ နှုတ်ခမ်းဖျားများကမြင့်တက်သွားကြသည်။ "စိတ်ဝင်စရာကောင်းတဲ့တစ်ခုခုကို မြင်ရလိမ့်မယ်လို့မထင်ထားဘူး ကိုယ်တို့တခြားကမ္ဘာရောက်နေတာလား?"

ကျိနင်းဟောဝူလင်းနဲ့စကားမပြောချင်တာကြောင့် ဘာမှမပြောဘဲနေနေပေမဲ့ ထိုစကားများကြားရသည့်အခါ ကျောရိုးတစ်လျှောက်တောင့်ခဲသွားတော့သည်။ ဟောဝူလင်းက ဤနေရာဟာတခြားကမ္ဘာဖြစ်ကြောင်း သိရှိသွားပြီးဖြစ်သည်။

အဆုံးမရှိသောစီးဆင်းမှု (Infinite flow) ၏ ဇာတ်လိုက်ဖြစ်သည့်အတွက် ဟောဝူလင်းဟာလည်း ကျိနင်းလိုကမ္ဘာအမျိုးမျိုး၌ အမျိုးမျိုးသောတာဝန်များကို ပြီးမြောက်အောင်ထမ်းဆောင်ရသည်။ ထို့ကြောင့် ဟောဝူလင်းက သူ့ရဲ့လျို့ဝှက်ချက်ကိုခန့်မှန်းမိသွားမှာ စိုးရိမ်သွားသည်။

နောက်တစ်ခဏ၌ ဟောဝူလင်းကသူ့ကိုကြည့်ပြီးမေးလာချိန်မှာတော့ သူ့ရဲ့ကြောက်ရွံ့မှုများကိုအတည်ပြုပေးလိုက်သည်။

"နင်းနင်း ကိုယ်မေးပါရစေဦး မင်းလည်းကိုယ့်လိုမစ်ရှင်တွေလုပ်နေတာလား?"

သူတကယ်ကြီးခန့်မှန်းလိုက်တာပဲ...

ကျိနင်းနှလုံးသားလေးနစ်မြုပ်သွားရသည်။ အခြေအနေတွေကဒီအထိရောက်လာပြီဖြစ်တာကြောင့် ဟောဝူလင်းကိုဖုံးကွယ်ထားဖို့မဖြစ်နိုင်တော့ပေ။ သို့သော်သူနားမလည်သည်က ဟောဝူလင်းသူ့ကိုဘာလုပ်လိုက်သည်ဆိုတာပင်။ ဘယ်လိုလုပ်သူ့အိပ်မက်အကြောင်းကိုသိနေရတာလဲ?

"မင်းစိတ်ရှုပ်သွားလား?"

ကျိနင်းရဲ့တိတ်ဆိတ်နေမှုကို ဟောဝူလင်းကဒေါသထွက်နေပုံမရပါ။ ထို့အပြင်သူကပြုံးနေမြဲဖြစ်ပြီး စိတ်ရှည်စွာရှင်းပြလာသည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now