အပိုင်း(၈)

Start bij het begin
                                    

သခင့်ကိုပြောပြီး သခင့်အရင်ဦးအောင်ထွက်လာဖို့ပြင်လိုက်စဉ် သခင်က ကိုယ့်လက်တစ်ဖက်ကိုဖမ်းဆွဲလိုက်သည်။ သခင်တစ်ခုခုပြောချင်တာသိနေ၍ သခင့်ကိုသာပြန်ကြည့်လိုက်သည်။သခင်ကတော့နှုတ်ခမ်းကိုတင်းတင်း‌စေ့ကာ ကိုယ့်ကို စူးစူးရဲရဲကြည့်သည်။
ငြိတွယ်ချင်မိတဲ့မျက်ဝန်းညိုတွေဟာ အစိမ်းသက်သက်သာ။

"သခင် ဘာပြောမလို့လဲ"

"ဒီနေ့ကငါ့ကိုယ်ငါဆုံးရှုံးလိုက်ရတဲ့နေ့ပဲ...အဲ့ဒီအတွက်မင်းဆီကတစ်ခုပြန်လိုချင်တယ်"

"ပြောပါ သခင်...သခင်ဖြစ်စေချင်သလိုဖြစ်ပေးပါ့မယ်"

"ငါထားသလိုမင်းနေရမယ်"

"ကောင်းပါပြီ သခင့်သဘောအရာရာလိုက်နာမှာပါ"

ထိုအခါမှလင်းလက်ကိုလွှတ်ပေးလိုက်သည်။

"သခင် တစ်ခါတည်းအတူသွားရအောင်လေ"

သခင်ဟာ အင်းမလုပ်အဲမလုပ် ဘာမှပြန်မပြော‌ပါ။ပြီးနောက်တော့ ကိုယ့်ရှေ့ကအရင်ဦးအောင်ဝင်သွားသည်။ထိုအခါမှလင်းလည်းသခင့်နောက်ကနေလိုက်ခဲ့လိုက်သည်။

"သမီးတို့ လက်မှတ်ထိုးလို့ရပြီ"

လင်းသခင့်မျက်နှာကိုတစ်ချက်ကြည့်လိုက်ကာ လက်မှတ်ထိုးရမဲ့စာရွက်ကို သခင့်ဘက်တိုးပေးလိုက်သည်။

"သခင် အရင်လက်မှတ်ထိုးပါ"

သခင်ကတော့ဘာမှပြန်မပြောဘဲ လက်မှတ်ထိုးလိုက်သည်။
ကိုယ်လည်းသခင်ပြီးကာမှ လက်မှတ်ထိုးသည်။ တရားမဝင်ဘူးဆိုပေမဲ့ ဒီလိုသခင်နဲ့နှစ်ယောက်တည်း နှစ်ဦးသဘောတူလက်ထပ်စာချုပ်မှာလက်မှတ်ထိုးရသည့်အတွက် ပျော်မိပါသည်။နှစ်ဦးသဘောတူတော့မဟုတ်ပေမဲ့လည်းပေါ့။

"ဒါက သမီးလေးတို့လက်ထပ်ပြီးရင်နေဖို့ အိမ်နဲ့ခြံစာချုပ်...နှစ်ယောက်လုံးလက်မှတ်ထိုးလိုက်‌နော်"

"ကျွန်မ မိဘပစ္စည်းမဟုတ်တာမို့ ကျွန်မလက်မှတ်မထိုးပါရစေနဲ့"

သခင့်စကားကြောင့်သခင့်ဘက်တိုးပေးနေတဲ့ ဖေဖေ့လက်ကလေးက နေရာမှာတင်ရပ်နေသည်။ သခင့်ဖေဖေကတော့သခင့်အစားမျက်နှာပူနေဟန်ရှိသည်။ဒါ့ကြောင့်ကြားထဲကပဲ လင်းက ဖေဖေ့လက်ထဲကစာချုပ်ကို ယူလိုက်သည်။

သခင် (Completed)Waar verhalen tot leven komen. Ontdek het nu