Part 19

409 31 14
                                    

3နှစ်ကြာပြီးနောက်

***************

အရင်တိုင်းပါဘဲ အထီးကျန်မှုရယ် ၊ အားငယ်မှုရယ်နဲ့အတူဖြတ်သန်းနေရတုန်းပါဘဲ ၊ 3နှစ်...3နှစ် အဲ့နှစ်အတွင်းမှာလည်း ယောင်းမျက်နာလေးကိုမမြင်ရသေးပါဘူး ၊ ယောင်းကသိပ်တော်တာဘဲ...သေချာပုန်းနိုင်လို့

ကျွန်တော်လည်းအသက်တွေတဖြေးဖြေးကြီးလာနေပြီ ၊ အချို့ကိစ္စတွေကိုလည်းနားလည်နေပြီ ဒါမဲ့နားမလည်နိုင်တာတစ်ခုဘဲ အဲ့တုန်းကငါဘာလို့အဲ့လိုလုပ်ခဲ့တာပါလိမ့်...

ဒီနောင်တ စိတ်တို့နဲ့အတူ ကိုယ့်အမှားကိုသုံးသတ်နေရတဲ့အပြစ်ကြီးဘယ်တော့မှများ ပြီးဆုံးမလဲ

လက်စွပ်ကလေးတစ်ကွင်းကို လက်ထဲဆုတ်ကိုင်ထားပြီး ပြတင်းပေါက်ကိုငေးကြည့်နေသော‌28နှစ်အရွယ်အမျိုးသား...

"အခု31နှစ်တောင်ရှိပြီပေါ့နော့်"

အေးစက်နေသောအသံ နွေးထွေးနေသောမျက်လုံးတို့နဲ့အတူ ပြုံးသယောင်ယောင်ဖြင့် တစ်ယောက်ထဲစကားတွေပြောနေခဲ့သည် ၊ ထိုအမျိုးသားဘယ်သူ့အကြောင်းပြောနေပါလိမ့်

"ဟားဟား"

လေညှင်းလေးတွေမျက်နာကိုလာရိုက်ခတ်ပြီး လင်းထိန်နေသောလမင်းကိုကြီးမော့ကြည့်နေမိချိန် ချစ်စရာအတွေးအချို့ကြောင့် ကြောင်တောင်တောင်နိုင်စွာရယ်လိုက်မိသည်

"ဟုတ်တာပေါ့ ယောင်းက31နှစ်ဖြစ်လည်း ငယ်ရွယ်လှပတဲ့သူလေးဖြစ်နေမှာဘဲ ဟားဟား"

မမြင်ရတာအတော်ကြာပြီဖြစ်တဲ့မျက်နာပိုင်ရှင်လေးကို စိတ်ကူးနဲ့ပုံဖော်ပြီး ဘယ်လောက်တောင်လှလာမလဲဟု ခန့်မှန်းကြေးဆော့နေခဲ့သည် ၊ ညနက်လာတော့ မျက်လုံးများလည်းငိုက်လာသည် ၊ ဒါမဲ့လမင်းကြီးကိုကြည့်ပြီးမပြောဖြစ်လိုက်တဲ့စကားလေးအား ပထမဆုံးအကြိမ်ပြောရန် ကြိုးစားနေသည်

"မောင်တကယ် ‌ေ*ာက်သတ္တိမရှိတာဘဲနော်"

ချစ်တယ်တစ်ခွန်းတောင်မပြောနိုင်ဘဲနဲ့ ယောင်းကိုပြန်မျှော်လင့်မိနေတဲ့ကိုယ့်အဖြစ်ကို ဂျောင်ဂုရယ်ရုံမှလွဲ၍မတက်နိုင်ခဲ့ပေ...မျက်ဝန်းထဲမှာမှာတော့ မျက်ရည်များနဲ့ပေါ့....ဒါမဲ့သူမသိတာတစ်ခုက သူ့နှလုံးသားထဲရဲ့အတွင်းနက်တစ်နေရာရာမှာ ယောင်းဆိုတဲ့အမျိုးသားလေးနေရာယူထားပြီးပြီဆိုတာကိုပေါ့...

Don't regret itWo Geschichten leben. Entdecke jetzt