Part 13

551 40 21
                                    

တစ်ဖန်ပြန်ရောက်ရှိလာသောနေရာ ၊ ရင်းနီးနေသောမျက်နှာကျပ်ဖြူဖြူ ၊ မုန်းစရာကောင်းလှအောင်နာခေါင်းထဲတိုးဝင်လာခဲ့သော ပိုးသတ်ဆေးနံ့ပြင်းပြင်း ၊ နှစ်ခါတွေးစရာမလို ဒီနေရာ ဘယ်နေရာမှန်း ထယ်ယောင်း သိလိုက်သည်

ထယ်ယောင်းမလှုပ်မရပ်နိုင်စွာ တစ်ကိုယ်လုံး လေးလံနေသည် ၊ အသက်ရှူရသည်မှာလည်း မဝ ၊ မျက်လုံးများသည်လည်း မဖွင့်ချင်လောက်အောင် စပ်လို့နေသည် ၊ ဒီအချက်သုံးချက်နဲ့တင် သူဘယ်လောက်ကြာကြာဒီကုတင်ပေါ်မှာရှိနေခဲ့လည်းဆိုတာ ခန့်မှန်းလို့ပင်ရ၏

ဘေးဘီဝဲကြည့်လိုက်‌တော့ မိမိလက်ကိုင်ခါ အိပ်ပျော်နေသော ဂျီမင်းကိုမြင်လိုက်ရသည် ၊ ဒါကြောင့်ဆေးရုံကိုဂျီမင်းဘဲထပ်ခေါ်လာခဲ့မှန်း သိလိုက်ရသည် ၊ ကိုယ်ဘယ်လိုဖြစ်ပြီး ဒီရောက်လာခဲ့သည်ဆိုတာကိုလည်း မှတ်မိသည် ၊ ဒါမဲ့ ဂျီမင်းကအိမ်ကိုဘယ်လိုလို့ရောက်လာခဲ့တာလဲ ပြီးတော့ သူကရော...ဘယ်မှာလဲ

"အ..."

"ဟင်..အင် ထယ် ထယ်ယောင်း"

ခေါင်းတွေဟာကိုက်လွန်းလို့ မခံနိုင်စွာ အော်လိုက်မိသည် ၊ မိမိအသံကြောင့် အိပ်ပျော်နေသော သူငယ်ချင်းကိုနှိုးသလိုဖြစ်သွားသည် ၊ ဂျီမင်းကလည်း ချက်ချင်းထလာခါ ကိုယ့်ကိုမေးခွန်းတွေမနားတမ်းမေးသည် ၊ အခုချိန်မှာသူသိချင်တာ နှစ်ခုထဲပင် အခြာမေးခွန်းများမလိုချင်ပါ

"မင်း ဘယ်လိုလုပ်ပီး အိမ်ရောက်လာတာလဲ"

သူမေးတာတွေကိုမဖြေဘဲ အဲ့နေ့ကကိစ္စတွေလာမေးနေသည် ၊ စိတ်ညစ်သွားသလို သက်ပြင်းချခါ ကုတင်ပေါ်အိပ်လျက်ရှိသော သူငယ်ချင်းလေးကို ခေါင်းသာခေါက်ချလိုက်ပြီး'မကြောက်မလန့် သူမို့'ဆိုပီး လုပ်ပြစ်လိုက်ချင်သည်

"ငါစိတ်ပူလို့လိုက်လာတာ တော်ကြာနှစ်ယောက်သားထသတ်နေကြမှာဆိုးလို့"

ထယ်ယောင်းပြတင်းပေါက်ဆီကိုမျက်စပြစ်လိုက်သည်

"တကယ်တမ်း အဲ့ထပ်ပိုဆိုးနေတာ.... ထယ်ယောင်း...ငါမင်းကိုနားလည်ပီမို့ အခုကစပီးမင်းလုပ်ချင်တာ လုပ်လိုက် ငါမင်းနားမှာရှိနေပေးမယ်"

Don't regret itOnde histórias criam vida. Descubra agora