"သူတို့ကဘာတွေလည်း"
"မောင်နဲ့သူနဲ့ကဘယ်လိုပက်သတ်တာလဲ"
ဂျောင်ဂုရဲ့ messageအဆုံးထယ်ယောင်း မောင့်နောက်လာသွားခဲ့ရာ cafe ဆိုင်အတွင်း၌ အမျိုးသမီးတစ်ယောက်နဲ့ ပြုံးပျော်နေသောမောင့်ကိုတွေ့လိုက်ရ၏။
ကိုယ်မျက်လုံးရှေ့မှာဖြစ်ပျက်နေတာတွေကို ထယ်ယောင်းမယုံနိုင်ဖြစ်နေရသည်။ မောင်ကအဲ့လိုလုပ်မှာမဟုတ်ဘူး ၊ လုပ်ဖော်ကိုင်ဖက်နေမှာပါ ၊ သူငယ်ချင်းနေမှာပါ ၊ မိတ်ဆွေနေမှာပါ ၊ သူ့အမများဖြစ်နေမလား စသဖြင့် ထယ်ယောင်းသူ့ကိုသူ ဖြေသိမ့်နေရသည်
"အကိုဘာမှာမလည်းရှင့်"
"ဒီက အကိုရှင့်..."ဘေးမှာ waiterမလေးလာမေးနေမှန်းမသိလောက်အောင်ကိုထယ်ယောင်းအသိစိတ် လွတ်နေခဲ့ပြီ ဖြစ်သည် ။ ထိုမြင်ကွင်းတွေကို ဆက်မမြင်ချင်တော့တဲ့အဆုံး မြန်မြန်သာထထွက်လာလိုက်တော့သည်။
"အယ်..အကို အကိုမမှာတော့...မမှာတော့တာလားဟ..."
အရှိန်ပြင်းပြင်းနဲ့မောင်းသွားသော ကားထဲက ကောင်လေးမှာ အသားတွေဆက်""တုန်နေတဲ့အထိကို တုန်လှုပ်ထိန့်လန့်နေသည် ၊ မောင်က အဲ့လိုလူစားမျိုးမဟုတ်ဘူး!!
အိမ်ရောက်တာနဲ့ ထိုအတွေးတွေများပျောက်သွားမလားဆိုသည့်အတွေးနဲ့ ရေချိုးချလိုက်ဖို့ဆုံဖြတ်မိသည် ၊ အိမ်ကြီးသည်အခုဆိုအလွန်တိတ်ဆိတ်သွားသည့် စံအိမ်ကြီးအလာချက်ချင်းပြောင်းလည်းသွားသည် ။ တိတ်ဆိတ်နေသည် အိမ်ကြီး ၊ တိတ်ဆိတ်နေသည့် ပတ်ဝန်ကျင် ၊ တိတ်ဆိတ်နေသည့် ငှက်ကလေးများ တေးဆိုသံ အရာအားလုံးဟာတိတ်ဆိတ်နေပေမဲ့ ရေချိုးခန်းထဲကကောင်လေးငယ်မှာတော့ တစ်ယောက်ထဲ သံဟစ် ငိုကျွေးနေလေရဲ့ ...
*******************
"တိုတို~"
"ဟောဗျာ ဘာဖြစ်ရပြန်တာလဲ မ"
"မောင်ကနေအပြောင်းအလည်းလေးများဖြစ်မလားလို့ ကိုကိုလိုပြောင်းခေါ်ကြည့်တာလေ မောင်ရဲ့..."
"ဟားဟား တိုတိုက ဘယ်ကပါလာရတာလဲ မရယ်"
"ချွဲကြည့်တာပါဆို မောင်~"