မျက်လုံးနှစ်လုံးပွင့်တာနဲ့အရင်မြင်လိုက်ရတာက အဖြူရောင်မျက်နာကျပ် ၊ ပိုးသက်ဆေးအနံတွေဟာလည်း နှာခေါင်းထဲ တိုးဝင်လာလို့နေသည် ၊ ဒါဆိုသဘောပေါက်လိုက်ပီ သူဘယ်ရောက်နေလဲဆိုတာ ၊ မျက်ခွံတွေဟာလည်း အရမ်းလေးလံနေပီး ခေါင်းတွေဟာလည်းထိုးကိုက်လာသည် ၊ ဒီဝဠ်ဘယ်အချိန်မှများကုန်မလဲ
"ထယ်ယောင်း သတိရလာပီလား ဆရာဝန် ဆရာ ကျွန်တော့်သူငယ်ချင်း သတိရလာပီ"
ဝမ်းသာတကြီးပြောပြောဆိုဆိုဖြင့်အပြင်ကိုပြေးထွက် ဂျီမင်း ၊ ခနအကြာမှာဆရာဝန်များရောက်လာခဲ့ပီး ထယ်ယောင်းကိုစတင်စမ်းသက်တော့သည် ၊ အကြားကြီးသတိမေ့မျောနေတာ အားနည်းနေရောပေါ့
'ငါဘာဖြစ်သွားတာလဲ' ၊ ဘာလိုအရမ်းခံရခက်နေတာလဲ ၊ တစ်ကိုယ်လုံးလည်းကိုက်ခဲနေတာကြောင့် မလှုပ်နိုင် ၊ဆရာဝန်တွေနဲ့ ဂျီမင်းစကားတွေပြောနေကြပီး နောက်တော့ထွက်သွားကြသည် ၊ တစ်ခုခုထူးဆန်းသလိုခံစားရသည် ဂျီမင်းမျက်နာကဝမ်းနည်းနေတဲ့ပုံကြီး ၊ သူရောဘာဖြစ်တာပါလိမ့် ငါ့ကိုစိတ်ပူလို့လား
ရေဆာတာကြောင့် အတွေးတွေကိုခနရပ်ပီး ကုန်းထဖို့လုပ်သည် ၊ ကိုယ်ထနေတာကို ဂျီမင်း မြင်တော့ ကူထူပေးသည်
"ရေ"
ပါးစပ်နား နားကပ်ခါငါပြောတာကို ဂျီမင်းနားထောင်သည် ၊ ရေသောက်ချင်နေမှန်းသိတော့ ဘေးမှာအဆင်သင့်ခပ်ပီးသား ဖန်ခွက်လေးကိုပေးလာသည် ၊ သောက်လည်းပီးရော ခွက်ပြန်ပေးဖို့လုပ်ပေးမဲ့ ဂျီမင်းငါ့ကို မျက်ရည်တွေနဲ့ကြည့်နေတာကိုမြင်လိုက်ရသည်
"ဂျီမင်း ဘာဖြစ်တာတုန်း မငိုပါနဲ့ ငါအဆင်ပြေတယ်လေ"
"ဟင့် ဟင့်... ထယ်ယောင်းရယ်"
မငိုနဲ့ပြောခါမှပိုအသံထွက်လာသော သူပါ ၊ မျက်နာကိုလက်နှစ်ဖက်နဲ့ အုပ်ပီး စောင့်စောင့်ထိုင်ချလိုက်သော ဂျီမင်းကြောင့် ဘာတွေဖြစ်နေမှန်း ထယ်ယောင်းတကယ်နားမလည်တော့ပါ
"ဟင်"
ခနအကြာမှာ ဂျီမင်းဆီက ငါ့ဆေးစစ်ချက်ကိုသိလိုက်ရတယ် ၊ အရင်ကပျောက်သွားပီဖြစ်ပေမဲ့ အခုပြန်ပေါ်လာခဲ့သော ရောဂါတဲ့ ၊ နှလုံးရောဂါပါ အခက်မသင့်သေသွားနိုင်ပါတယ် ၊ ဒါလည်းကင်ဆာနဲ့မခြားမနားပါဘဲ ၊ ဘာလိုလဲ...ဘာလို့ငါ့မှလဲ!!
![](https://img.wattpad.com/cover/347356375-288-k4137.jpg)