Part 21

335 30 8
                                    

2နှစ်ကြာပီနောက်....

ငါမနက်နိုးလာတော့ ကုတင်ဘေးကဆိုဖာမှာ အိပ်နေသောဂျီမင်းကိုတွေ့လိုက်ရတယ် ၊ ပြီးခဲ့တဲ့3လလောက်ကတည်းက ဂျီမင်းငါနဲ့အတူတူနေထိုင်ခဲ့ကြသည် ၊ မနေ့ညကတော့ဂျီမင်းကသရဲဇာတ်လမ်းကြည့်ထားတော့ကြောက်လို့ဆိုကာ ငါ့အခန်းထဲမှာလာအိပ်‌၏

ကုတင်ပေါ်ပေးမတက်နိုင်ဘူးပြောတော့ ဆိုဖာပေါ်ပြေးတက်ပြီး တန်းနေအောင်‌အိပ်သွားသည် ၊ အိပ်ချင်ယောင်ဆောင်သည်ဆိုပိုမှန်ပေမည် ၊ ကိုယ်လည်းဘာမှမပြောချင်တော့တာကြောင့် လွှတ်ထားလိုက်ရာ ဒီမနက်တော့ ကားယားကြီး‌အိပ်မောကျနေလေ၏

အခုမှမနက်6:34ဘဲရှိသေးတာမို့ငါမနိုးချင်ပါ ၊ မျက်နာသစ် ကော်ဖီလေးတစ်ခွက် ပေါင်မုန့်တစ်ချက်စားပြီး မှန်တင်ခုံပေါ်တွင်တင်ထားသောဆေးကို လက်ကျန်ကော်ဖီလေးနဲ့မျောချလိုက်သည်

လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ဗီရိုဘက်သွားကာ နွေးနွေးထွေးထွေးရှိစေမဲ့ အဖြူရောင်ဆွယ်တာတစ်ထည်ကောက်လျှိုလိုက်သည် ၊ နေရောင်ကောင်းကောင်းမထွက်သေးတာကြောင့် အပြင်ကမြင်ကွင်းတွေကိုကောင်းကောင်းမမြင်နိုင်ခဲ့...

မနေ့ကလည်းမိုးနည်းနည်းကျထားတာမို့ အခုချမ်းစိမ့်စိမ့်ကြီးဖြစ်နေသည် ၊ ဂျီမင်းအဆင်မှပြေပါ့မလားဆိုကာ နောက်လှည့်ကြည့်လိုက်တော့ လက်နှစ်ဖက်ကိုပေါင်ကြားတဲ့ညုက်ကာ ကွေးနေအောင်အိပ်ပျော်နေခဲ့၏ ၊ ငါစောင်ယူကာ ကွေးအိပ်နေသောဂျီမင်းကို ခြုံပေးလိုက်သည်။

ဝရံတာ ဘက်ပြန်ထွက်ကာ မြူစိုင်းစိုင်းဖြစ်နေသော အပြင်လောကကိုအချိန်တော်ကြာကြည့်နေခဲ့သည် ၊ ခေါင်းထဲပေါ်လာသောအမှတ်ရစရာအချို့ကြောင့် မသိလိုက်ခင်မှာဘဲ မျက်လုံးအထက် မျက်ရည်များသာနေရာယူသွားခဲ့သည်

Flash back

"ယောင်း"

ဆောင်းရာသီရဲ့ အအေးဒါဏ်ကိုအံတုပြီး
ထယ်ယောင်း မျှော်‌နေတုန်း ကြားလိုက်ရသော ကိုယ့်နာမည် ခေါ်သံ...

လှမ်းမျှော်ကြည့်လိုက်တော့ အဝေးကနေ တစ်လှမ်းချင်းလျှောက်လာခဲ့တဲ့ ယောင်းချစ်ရပါသော မောင်..။

You've reached the end of published parts.

⏰ Last updated: Mar 16 ⏰

Add this story to your Library to get notified about new parts!

Don't regret itWhere stories live. Discover now