အင်္ကျီစ (9)

Start from the beginning
                                    

ကြမ်းပြင်ပေါ် အသာထိုင်ချလိုက်ပြီး ထိုအဖြူရောင်စာကဒ်လေးကို သူဖွင့်ကြည့်လိုက်သည် ။

"ဦးဦးဒေါက်တာ...
သမီး ခွေးလေးကိုကယ်နိုင်ခဲ့ပြီနော်... အစာလည်း ပြန်စားပြီ .. ဆေးလည်းပုံမှန်တိုက်တယ် .. အခုဆို လမ်းတောင်လျှောက်နိုင်နေပြီ..."

12 နှစ်ကလေးရဲ့ လက်ရေးက သိပ်မလှသော်လည်း စာလုံးပေါင်းမှန်သည်က အံဩစရာပင်။

"ဦးဦးဒေါက်တာရော ... အရင်ကလိုဘဲလား.. ပျင်းစရာကောင်းနေတုန်းဘဲလား.. သမီးကိုပေးသလို ခွေးလေးတစ်ကောင်လောက်မွေးကြည့်ကြည့်ပါလား... အဆင်ပြေနိုင်လောက်တယ်လေ...."

"အာ...."

ခွေးတစ်ကောင်မွေးဖို့နေနေသာသာ သူ့ကိုယ်သူတောင်အနိုင်နိုင်ဖြစ်နေတာ ...။ပြီးတော့ ခွေးကို မျှချစ်ပေးဖို့လောက်ထိ သူ့ကိုယ်ပေါ်မှာတောင် အချစ် ရှိမနေ...။

"ဘာဖြစ်ဖြစ် ဦးဦးဒေါက်တာ ကိုထပ်တွေ့ချင်ပါတယ် .. ဒီလိုပုံစံမျိုးမဟုတ်ဘဲ... တစ်ခြားသူတစ်ဦးပုံစံမျိုးနဲ့ ..... ပြီးတော့ သမီးကို ဘဝတစ်ခုပေးခဲ့တာအတွက် ကျေးဇူးအရမ်းတင်ပါတယ်...."

"......." 

သူကုသခဲ့တဲ့ လူနာတွေအတော်များတယ် ။ ဒါပေမဲ့ သူ့ကို စိတ်ရင်းနဲ့ကျေးဇူးတင်စကား ပြောတဲ့သူ ရှားတယ်။
စာကဒ်လေးကို စက္ကူပုံးထဲပြန်ထည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ဒီစကားလုံးတွေကတောင် သူ့ကို မအေးချမ်းစေပါလား ။ ငါတကယ်ဘဲ ဘာကိုလိုအပ်နေတာလဲ ....။

သူ့တည်ရှိမှုကိုတောင် မရောင့်ရဲနိုင်တော့ပါလား ...။

~~~~~~~

"တောက်!.. တောက်!.. တောက်!..."

သားရည်ဖိနပ်သံက ကြမ်းပြင်ပေါ်ကျယ်လောင်စွာဖြတ်လျှောက်နေပါသော်လည်း ကုတင်ပေါ်အအိပ် တစ်စုံတစ်ဦးမှာတော့ အသိစိတ်မဲ့ အိပ်မောကျနေလို့ရယ်....။
နှုတ်ခမ်းတို့ဖြူဖတ်ဖြူရော်နှင့် ဆေးပိုက်ကိုကြည့်ရင် လူမမာမှန်းသိသာသည်။

အဖြူရောင်ရှပ်လက်ရှည်ကို အသာခေါက်တင်လိုက်ပြီး ကုတင်ဘေး ဝင်ထိုင်လိုက်သည်။ ဖြူဥဝင်းဝါသောအသာရည်ရှိသည့်အမျိုးသား၏ မျက်နှာချောချောနားကပ်ကာ......။

အင်္ကျီစWhere stories live. Discover now